အခန်း(84) ‌ မင်းကိုလျော့တွက်မိတာပဲ!

211 24 1
                                    

အခန်း(84) ‌ မင်းကိုလျော့တွက်မိတာပဲ!

အကခန်း
ချန်ချူ အကတိုက်နေသည်။ယွမ်းဝန်က ရှေ့ဆုံးကနေဦးဆောင်ပြီး ကပြသင်ကြား ပေးနေသည်။

အခုတလော ကော်ပီစွမ်းရည်ကို ဆက်တိုက်အသုံးပြုနေတာကြောင့် ချန်ချူ သူခန္ဓာကိုယ်က ပျော့ပြောင်းလာတာကို ခံစားမိသည်။ခါးနာကျောကိုက်တာတွေလဲ မရှိတော့ဘူး။
အဲဒီအချိန်မှာ ပြတင်းပေါက်အပြင်က လူရိပ်တစ်ခုကို ချန်ချူတွေ့လိုက်သည်။

မျက်လုံးချင်းဆုံသွားသည်။
ကျန်းယွင်းလေ မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ?

ကျန်းယွင်းလေက မျက်နှာတည်ဖြင့် ချန်ချူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ချန်ချူ မျက်ခုံးတွန့်လိုက်ကာ စိတ်ထဲမထားပဲ လုပ်စရာရှိတာ ဆက်လုပ်သည်။

ခဏကြာတော့ အကခန်းမရဲ့ တံခါးကို လူတစ်ယောက်တွန်းဝင်လာသည်။ သင်ကြားရေး ဠာနမှူးဖြစ်နေသည်။
“ဆရာချန် မင်းကိုကိစ္စလေးရှိလို့ရှာတာ ၊ အပြင်ခဏလောက်”

ချန်ချူ နဂိုကတည်းက စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ပြီးသား သင်ကြားရေးဠာနမှူးနဲ့ အတူထွက်လာလိုက်သည်။
“ဠာနမှူး ဘာကိစ္စများရှိလို့လဲ?”ချန်ချူ မေးလိုက်သည်။

“မင်းရဲ့ သင်ခန်းစာပြင်ဆင်မှုက ဘယ်လိုဖြစ်တာလဲ?”သင်ကြာရေးမှူးက မျက်မှောင်ကျုံ့ပြီးပြောလိုက်သည် “တစ်ပတ်ရှိနေပြီ သင်ခန်းစာပြင်ဆင်မှုမှတ်တမ်း မဖြည့်ရသေးတာ”
“ဠာနမှူး, စွန်းဠာနမှူက သင့်နဲ့မပြောဘူးလား ?”

“ငါ ကျောင်းကထုတ်ထားတဲ့စည်းကမ်းအတိုင်း ပြောတာ!” သင်ကြားရေးမှူး က ထိုစကားရှောင်ပြီး သူပြောချင်ရာပြောလိုက်သည် ၊ မျက်နှာတည်ဖြင့် “ဒီနေ့အတွင်း အကြွေးကျန်နေတဲ့ သင်ခန်းစာပြင်ဆင်မှုမှတ်တမ်းအာလုံးတင်ပြရမယ် ၊ မဟုတ်ရင် အလုပ်ပျက်ကွက်မှုဖြင့် အပြစ်ပေးရလိမ့်မယ်”
ချန်ချူမျက်နှာမည်းသွားသည်။ဒီဠာနမှူးတမင်ပြဿနာရှာမှန်းသိတော့ သူလဲပြန်ခံမပြောတော့ဘူး “ကောင်းပြီ ကျွန်တော်သိပြီ”

သင်ကြားရေးမှူး ‘အင်း’ တစ်ချက်ပြောပြီး ထွက်ခွာသွားတော့သည်။
ချန်ချူ ပါးစပ်လှုပ်လိုက်သည်။သူလဲအနည်းငယ်တော့ မသက်မသာဖြစ်သွားသည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now