အခန်း(100) အသိအမှတ် ပြုပစ္စည်း

120 11 0
                                    

အခန်း(100) အသိအမှတ် ပြုပစ္စည်း

  ချန်ချူပထမထင်နေတာက ဒီတစ်ခေါက်သူမလွတ်နိင်တော့ဘူးပေါ့၊ ဒါပေမယ့် သူ့အန္တာရယ်ကိုမှမခံစားရဘူး။
  ပြီးတော့ တစ်ဖက်ကလဲ သူ့အပေါ်မကောင်းချင်စိတ်မရှိသလိုပဲ၊ဒီအတိုင်း ကြောင် တောင်တောင်နဲ့ သူ့ကိုကြည့်နေတာ။

  ချန်ချူ စကားမပြောတက်ချင်ယောင်ဆောင်တာ အသုံးမ၀င်တာတွေ့တော့ နောက်ခြေသုံးလေးလှမ်းဆုပ်လိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။
  တစ်ဖက်ကအသံထွက်လာသည် “ငါနဲ့မင်း ပဲတင်ထပ်သံအတူကျမှတော့ မင်းက ငါတည်ရှိမှုကိုသိဖို့ထိုက်တန်နဲ့သူတစ်ယောက်ပဲ၊ မင်းငါ့ကို လင်ကျွင်းလို့ခေါ် လို့ရတယ်၊ မင်းနာမည်ဘယ်လိုခေါ်လဲ ကလေး”

  ချန်ချူတစ်ချက်စဉ်းစားလိုက်ပြီးနောက် သူ့နာမည်ကိုပြောပြလိုက်သည်။သူလော လောဆယ်ဘာဖြစ်နေတယ်ဆိုတာနားမလည်ပေမယ့် ၊ သူ့များလက်အောက်ရောက် နေချိန်မှာ သည်းခံခေါင်းညိမ့်ရမှာပဲ။
  ယောက်ျားတစ်ယောက်က အခြေအနေအရပြောင်းလဲနိုင်တယ်၊ ကြောက်ရမယ့် အချိန်မှာ ကြောက်သင့်တယ်။

  “ကောင်းတယ်၊ ငါမှာ သိကျွမ်းသူမရှိတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ” လင်ကျွင်းက ယပ်တောင်လေး ချန်ချူကိုလှမ်းပေးကာပြောလိုက်သည် “ကလေး ၊ ငါ့ရဲ့အသိအမှတ် ပြုပစ္စည်းကိုယူသွား ၊ ဒီပစ္စည်းကမင်းကိုလမ်းပြပေးလိမ့်မယ်”
  ချန်ချုကြောင်တောင်တောင်လေးနဲ့ပဲ သူ့ပေးတဲ့ ယပ်တောင်ကိုလှမ်းယူလိုက်ကာ ၊ အဲတစ်ခဏအတွင်းမှာပဲ သူ့ကိုယ်က လေးပင်သွားပြီး အဆုံးနိုင်တဲ့ အမှောင်ထုကြီးထဲ ကျသွားသည်။ချန်ချူနောက်တစ်ခေါက်မျက်လုံးပွင့်လာတော့ သူ့ကျန်းနန်းလီလောက ထဲမှာပြန်ရောက်နေတာကို တွေ့လိုက်ရသည်။
  “ညီလေး , မင်းနောက်ဆုံးတော့နိူးလာပြီပေါ့!” မြစ်ဝါမြစ်ခဲတံအသံက ချန်ချူဦး နှောက်ထဲထွက်ပေါ်လာသည်။ “မင်းအိပ်နေတာ တစ်ရက်ရှိပြီ”

  “ပီရဲ, ကျွန်တော်…..”ချန်ချူ သူ့အိမ်မက်ထဲကကိစ္စကိုပြောပြမလို့ရှိသေးတယ် ၊ ရုတ်တရက် သူ့လက်ထဲမှာ ယပ်တောင်တစ်ချောင်းကိုင်ထားတာကိုတွေလို့ရတော့ အံသြသင့်သွားပြီး “ဒီယပ်တောင်…..”
  “ဒီအတိုင်းအလိုလိုပေါ်လာတာပဲ၊ ဒါပေမယ့် မလောနဲ့ ၊ ဘယ်လိုဖြစ်တယ်ဆိုတာ ငါအကြမ်းတော့သိသလိုပဲ”မြစ်ဝါမြစ်က ပြောလိုက်သည် “မင်း ဖြစ်နိုင်တာက အဆင့် လွန်ရှင်းမော်နဲ့ တွေ့လိုက်တယ်မဟုတ်လား?”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now