အခန်း(၁၂) ညီကို တောင်းပန်တယ်ကွာ!
ချန်ချူ အတန်းကော်မတီအဖွဲ့ဝင်ရွေးပြီးမှ စာစသင်သည်။ပုံစံကမ္ဘာလုံး က 20% တစ်ခန်းလုံးရဲ့သင်ယူလေ့လာချင်စိတ်ကိုမြင့်တင်ပေးနေေ ပမဲ့ ၊ရလဒ်ကတော့ သိပ်မ ကောင်းဘူး။
စာသင်တစ်ချိန်အပြီးမှာ သင်ကြားရေးကောင်းလေး လျောက်ပတ်သွားလို့ရလာတဲ့
စာသင်မှတ် 50 ဝန်းကျင် ၊ ကိုယ်တိုင်စာသင်လို့ရလာတာက စာသင်မှတ် 50 ဝန်းကျင် ဒါပဲ…ရွယ်ကျီကွေး နံရံကပ်ပုံ စွမ်းရည်နည်းလွန်းတယ်။ သူကြည့်တာတော့ အတန်းထဲက ဘယ်တစ်ယောက်မှ ထူးခြားသည့် အနေအထားကို မရရှိစေဘူး။
ဒီလိုတွက်မယ်ရင် စာသင်ချိန်တစ်ချိန်ကို စာသင်မှတ် 100 ဝန်းကျင်၊ တစ်နေ့ မှအများဆုံး သုံးချိန်၊ဒါကြောင့် တစ်ရက်ကို စာသင်မှတ် 300 ဝန်းကျင်၊ များလားဆို တော့မများဘူး၊နည်းလားဆိုတော့လဲ မနည်းပါဘူး။စာသင်ချိန်ပြီးနောက် ချန်ချူရုံးခန်းပြန်ကာအနားယူဖို့လုပ်သည်။မထွက်သွားခင် လီရိရန်ရဲ့အခြေအနေကို တစ်ချက်လှမ်းကြည့်လိုက်သေးသည်။ကြည့်ရတာတော့ တည်ငြိမ်ပါတယ် စိတ်ခံစားမှုပြိုကွဲတာမျိုးဖြစ်မယ့်ပုံတော့မပေါ်ပါဘူး။
စာသင်ချိန်ပြီးတော့ လီရိရန်နဲ့ ရင်းနှီးတဲ့အချို့က ဝိုင်းလာပြီး
“ရန်ကော သင်ဘယ်လိုနေလဲ ?”
လီရိရန်က မျက်နှာအေးစက်စက်ဖြင့်ပြန်ဖြေလိုက်သည်။ “ငါ့ကို မရူပ်နဲ့၊ငါ့စိတ် အခြေနေမကောင်းဘူး ၊ ကိုယ့်ဘာသာကိုအဝေးသွားကြ”
“အော်”
သူတို့လဲ လီရိရန်ကိုစကားမပြောရဲတော့ပဲ အနားဝိုင်းနေတဲ့ လူစုကွဲသွားသည်။အတန်းခုနစ်က ကာယအဖွဲ့တစ်စု အိမ်သာနားမှာ အဖွဲ့ဖွဲ့ကာ ၊ဆေးလိမ်သောက်ရင်း ဆွေးနွေးနေကြသည်။
“လောက်ချန် နရိုးပီး ! လီရိရန်ကိုတောင် ဆုံးမနိုင်တယ် !”
“လီရိရန် လောက်ချန်ကို ဒီလောက်ကြောက်လိမ့်မယ်လို့ မထင်ထားမိဘူး”
“လောက်ချန် ဘယ်လိုလုပ်နိုင်တာလဲမသိဘူး ?”
“ဘာတွေ အဲလောက်အများကြီးတွေးနေတာလဲ လောက်နရိုးပီး ဆိုရင် ရပြီလေ!”
“ဟားဟားဟား !”သူတို့တစ်ဖွဲ့အဲမှာ ရီမောနေတာ တစ်ကျောင်းသားတွေ လန့်ပြီး အိမ်သာမဝင်ရဲ တော့ဘူး။
နေ့လည်ပိုင်အတန်းချိန်ပြီးသွားပြီး။ချန်ချူ ရတဲ့စာသင်မှတ်တွေကို လောလော ဆယ် စုထားမယ်လို့ ဆုံးဖြတ်ထားတယ်။အခုလောလောဆယ်မှာ ချန်ချူ ခေါင်းအကိုက် ဆုံးက ကျောင်းသားမိဘတွေနဲ့တွေဖို့ပဲ(ကျားဖန်)။
YOU ARE READING
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Mystery / Thrillerသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ