အခန်း(108) ‌ပုံမှန်ဆက်သမှု

128 10 0
                                    

အခန်း(108) ‌ပုံမှန်ဆက်သမှု

စားဖို့ပြင်ထားလို့ပြောတဲ့ အကြောင်းကြောင့် ရွီထျန်းဟောက်နဲ့ ကျိုးဖုန်းတို့ ရန်ဖြစ် တော့မလို့
အဲဒီအချိန်မှာ ရင်နှီးတဲ့အသံတစ်ခုကြားလိုက်ရသည်။

“မင်းတော့ဘာလုပ်နေကြတာလဲ! ?”
အားလုံးအံသြသွားသည်၊ သူတို့တစ်ချက်လှမ်းကြည့်လိုက်တော့ ချန်ချူက တံခါးဝ မှာရပ်ပြီး ၊ မျက်နှာကလဲခပ်တည်တည်ဖြင့်

အခန်းထဲမှာတခဏပျာယာခတ်သွားပြီး  အားလုံးကိုယ့်နေရာကိုယ်ပြန်ရောက်သွား သည်။ရွီထျန်းဟောက်လဲ မချချင်ချချင်နဲ့ခြေထောက်ကိုစားပွဲကိုက ပြန်ချလိုက်သည်။
ချန်ချူစိတ်တိုတိုဖြင့် စကားပြောစင်ပေါ်ကိုသွားပြီး ပြောလိုက်သည် “ငါ ခဏလေး အပြင်သွားပါတယ်၊ မင်းတို့ကကျောင်းခေါင်မိုးဖောက်မလို့လား?”

အတန်းကိုတစ်ခုလုံးတိတ်ဆိတ်သွားပြီး နောက်ဆုံးမှ ကျောင်သားတစ်ယောက် အသံထွက်လာသည် “ဆရာ ကို ရဲကဖမ်းခေါ်သွားပြီမဟုတ်လား?”
“ဘာလျောက်ပြောနေတာလဲ”ချန်ချူမျက်မှောင်ကျုံ့ပြီးပြောလိုက်သည် “ရဲသားက သူနဲ့ပူပေါင်းဆောင်ရွက်ဖို့ပြောတာပဲရှိတယ်၊ ဘာကိုဖမ်းရမှာလဲ…ဒါလိုက်တော့ ၊ ဒါက မင်းတို့အလုပ်မဟုတ်ဘူး ၊ စာအုပ်လှန်လိုက် ၊ စာသင်ကြမယ်”

ညဖက်ကိုယ်ပိုင်စာလေ့လာချိန်ပြီးတော့မှ ချန်ချူ တစ်ကိုယ်လုံးပင်ပန်းစွာဖြင့် မိမိ အဆောင်ကိုပြန်ရောက်လာသည်။အဆောင်တံခါးဝရှေ့ကိုရောက်တော့ ကျောက်ရိကျိုး က သူ့ကိုစောင့်နေတာတွေ့လိုက်ရသည်၊ မျက်လုံးထဲမှာလဲ စိုးရ်ိမ်တဲ့အရိပ်အယောင်တွေ မြင်နေရသည်။

“အခြေအနေဘယ်လိုရှိလဲ? မင်းကောအဆင်ပြေရဲ့လား?”
“အားလုံးအဆင်ပြေတယ်”
အဲတော့မှကျောက်ရိကျိုးလဲ သက်ပြင်းချနိင်တော့သည်၊ ပြောင်စပ်စပ်မျက်နှာ ပြောင်းသွားကာ ချန်ချူပုခုံးကိုဖက်လိုက်ပြီး “ငါရိ! မင်းတက္ကသိုလ်မှာတုန်းက ငါတို့ကို လျိုဝှက်ထားတာတွေ ဘယ်လောက်တောင်ရှိနေတာလဲ!”

“လျိုဝှက်ထားတာမဟုတ်ပါဘူးကွာ”ချန်ချူက ပုခုံးတွန့်ပြီးပြောလိုက်သည် “ပြောရ ရင် ဒီကိစ္စလေးတွေကသေးသေးလေးတွေလေ၊ ပြောဖို့မတန်ပါဘူး၊ ငါကသူများတွေလို မဟုတ်ဘူး၊ အချို့တက္ကသိုလ်ကျောင်းတုန်းက ဂိမ်းကစားရင်ကစား ၊ မဟုတ်ရင် ကောင် မလေးနှာဘူးကျနဲ့….”
ကျောက်ရိကျိုးက မျက်လုံးပြူးလိုက်ပြီး “မင်းငါ့ရဲ့မှတ်ပုံတင်နံပါတ်ပါတစ်ခါတည်း ထည့်ပြောပါလား! ဟမ် ဖားပြုတ်ကငါးသားလောင်းစားချင်တယ်လို့?”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now