အခန်း(119) မင်းအရမ်းကို ဉာဏ်ကောင်းတာပဲ

121 17 1
                                    

အခန်း(119) မင်းအရမ်းကို ဉာဏ်ကောင်းတာပဲ

ချန်ချူ ဟူယောင်ကို နောက်တစ်ခေါက်ကျောပိုးကာ ခွဲစိတ်ခန်းထဲသို့ဝင်ဖို့ပြင် သည်။ဝင်တောင်မဝင်ရသေးဘူး ဟူယောင်စပြီး ကြောက်နေပြီ။
“ခဏလေး ခဏလေး ကျွန်မစိတ်ထိန်းလိုက်ဦးမယ်….”

“အော်” ချန်ချူကတော့ မလောပါဘူး၊ ဒါနဲ့ ခွဲစိတ်ခန်းတံခါးရှေ့မှာ ခြေလှမ်းရပ် လိုက်သည်။
တံခါးက နည်းနည်းလေးဖွင့်ထားတော့ အထဲကို တစ်ချက်လှမ်းကြည့်လိုက်တာ မည်းမှောင်နေသည်။

သူနောက်ကနေ ဟူယောင်ရဲ့ငိုသံတိုးတိုးလေးကြားလိုက်ရသည်။
“အမ်? မင်းဘာလုပ်နေတာလဲ?”

“ခဏနေ လန့်မယ့်အတူတူ ကျွန်မ…အခုကတည်းက ကြိုတင်ငိုထားတာ…”
ချန်ချူ ?
မင်း ….မင်းအရမ်းကို ဉာဏ်ကောင်းတာပဲ !

ချန်ချူကတော့ ဘာမှမဖြစ်ဘူး၊ ဟူယောင်ကို ကျောပိုးကာ ခွဲစိတ်ခန်းတံခါးကို တွန်းကာ ဝင်ရောက်လာသည်။အခန်းထဲမှာ အပူချိန်ကတော့ လျော့ကျသွားသလိုပဲ ၊ အေးစက်စက်နဲ့။
ကြမ်းပြင်ပေါ်မှာလဲ သွေးပေပတ်တီးတွေအများကြီး ပြန့်ကျဲနေကာ ၊ နံရံမှာတော့  ခွဲစိတ်ရာတွင်အသုံးပြုတဲ့ ပစ္စည်းတွေအပြင် ၊ ဆေးဖောက်ထားတဲ့ လူ့ကိုယ်ခန္ဓာ အစိတ် အပိုင်းတွေ ထည့်တားတဲ့ ပုလင်းတွေလဲ ရှိနေသည်။အနံတွေက အန်ချင်စရာ…

“ထွက်ပေါက်က ဘယ်နားလေးမှာလဲ?”
“ကျွန်မ…ကျွန်မလဲ မသိဘူး….”
ချန်ချူပုခုံးနှစ်ဖက်တွန့်လိုက်ကာ ၊ ကိုယ့်ဘာသာကို ရှာဖို့ပြင်ဆင်တော့သည်။ဟူ ယောင်ကတော့ “လျိုကော(လျိုအစ်ကို) ကျွန်မဟူယောင်ပါ ၊ အစ်ကိုအသံကြားရင် အသံလေးတစ်ချက်လောက်ပေး၊ ကျွန်မကို မခြောက်နဲ့!”

ရုတ်တရက် ဂွမ်းတန်း! ဆို့တဲ့ အသံတစ်ခုထွက်လာပြီး အသက်အလတ်ပိုင်းရှိ လူကြီးတစ်ယောက်အသံထွက်လာသည် “ဟူယောင် ? ဘာလို့အပေါ်တက်လာတာ လဲ? လာလည်တာလား?”
စကားအသံနဲ့အတူ တစ်ကိုယ်လုံးခွဲစိတ်ထားတွေစိုက်ထားတဲ့ လူတစ်ယောက် ခေါင်းထွက်လာသည်၊ လုပ်ထားတဲ့ ပုံစံကတော့ ကြည့်ချင်စရာတောင်မရှိဘူး။

ဟူယောင်က သူ့ဆွေမျိုးကို တွေ့လုပ်သလိုပဲ ၊ ငိုသံကြီးဖြင့် “လျိုကော….”
“ဟင်  နင်ဘာလို့ငိုနေတာလဲ?”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now