အခန်း(97) ငါ ပိုက်ဆံဖြည့်ထားပြီးသား!

131 17 0
                                    

အခန်း(97) ငါ ပိုက်ဆံဖြည့်ထားပြီးသား!

  စိတ်ကစဉ်ကလျားဖြစ်နေပြီဖြစ်တဲ့ ၀မ်းလဲ့ပန်းရဲ့ရှင်းမော်က အဆက်မပြတ် ရှေ့တိုးလို့လာနေတယ် ၊ ချန်ချူ နာကျင်မှုကို  သီးခံကာ အမြန်ဆုံးထလိုက်သည်၊ တစ် ချက်တောင်မစဉ်းစားပဲ သုံးလွှာကနေ အောက်ကိုခုန်ချလိုက်သည်။
  သူမြေပြင်ပေါ်ကိုရောက်ခါနီးမှ မြစ်ဝါမြစ်ခဲ့တံက ရွှေရောင်အလင်းတန်းလွတ်က ချန်ချူခြေထောက်အောက်ကိုခံလိုက်သည်။ချန်ချူလိမ့်ချသွားပေမယ့် ဒဏ်ရာကြီးကြီးမှားမှားမရဘူး။

  “ငါအချိန်ဆွဲထားမယ် , မင်းတစ်နေရာရှာပြီးပုန်းနေလိုက် ၊ ငါဒီကောင်ကို အနိုင် ယူပြီးမှ မင်းဆီလာခဲ့မယ်”
  “ကောင်းပြီ!”

  ချန်ချူသူ့က ၀န်ထုပ်ဝန်ပိုးဖြစ်နေတာကိုသိတာ ၊ ဒါကအမြင်ဆုံးပြန်ထလာပြီး တချိုး ပြေးတော့သည်။မြစ်ဝါမြစ်က ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲပြီး ၀မ်းလဲ့ပန်း ရဲ့ ရှင်းမော်ကို ကာပေးထားသည်။
  ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ၀မ်းလဲ့ပန်းရဲ ရှင်းမော်က ပိုမိုကြီးမားလာပြီး အလင်းတန်းတောင်မနိုင်တော့မလိုဖြစ်နေသည်။

ချန်ချူက ကော်ပီစွမ်းရည်ကိုအသုံးပြုပြီးပြေးတာ ၊ သူ့မှာ မြစ်ဝါမြစ်ရဲ့ ရွှေရောင်အ လင်းတန်းပါမလာတော့ လမ်းတစ်လျောက်ကရှင်းမော်တွေက သူ့ကို ခုန်အုပ်လာသည်။
လီလောကမှာ လူရှိတဲ့နေရာတိုင်းမှာ ရှင်းမော်ရှိနေတယ်။
ကံကောင်းတာတစ်ခုက ချန်ချူရဲ့ အမြန်နူန်းကလဲ မနှေးဘူး၊ ပြီးတော့ အရင်တစ် ခေါက်မျော်စင်တုန်းက အတွေ့အကြုံရှိနေတော့ အစပိုင်းတော့ အထိန့်တလန့်ဖြစ်သွား ပေမယ့် ၊ တဖြေးဖြေးနဲ့တည်ငြိမ်လာသည်။
ဒီအတိုင်းပြေးနေလို့ မဖြစ်သေးဖူး ၊ ပြီးတော့ လီလောကမှာ ပုန်းစရာနေရာမရှိဘူး။

ချန်ချူစစ်စတန်စင်ပေါ်ကိုတစ်ချက်ရိူးလိုက်တယ်၊ သုံးလို့ရတာ တစ်ခုမှမရှိဘူး။ ဒါပေမယ့် ချန်ချူထိုင်ပြီးငြိမ်နေမယ့်သူတော့မဟုတ်ဘူး ၊ ကျောင်းပန်းခြံလမ်းမှာ မြေကြီးတူးတဲ့ ပေါက်ပြားတစ်လက်ကိုတွေ့တော့ တစ်ချက်ကောက်ယူလိုက်ပြီး အနောက်လှည့်ကာ အားကုန် ပစ်ပေါက်လိုက်သည်။
ဖုန်း! ဆိုတဲ့အသံနဲ့အတူ ပေါက်ပြားက ရှင်းမော်တစ်ကောင်ကိုထိသွားသည်။ရှင်း မော်ဘာမှမဖြစ်ဘူး ၊ ပေါက်ပြားနှစ်ပိုင်းကျိုးသွားသည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now