အခန်း(79) ထမင်းမစားရသေးလို့ အားမပြည့် တာလား?

136 15 0
                                    

အခန်း(79)  ထမင်းမစားရသေးလို့ အားမပြည့် တာလား?

ချန်ချူ အဖွားဝမ်းနဲ့ စကားပြောနေတဲ့အချိန်မှာ ဝမ်းလဲ့ပန်း တိုးတိုးတိတ်တိတ် နဲ့ အခန်းအပြင်ကနေ စောင့်ကြည့်နေသည်။
ချန်ချူ ကတော့ ဝမ်းလဲ့ပန်း အပြင်မှာ ရောက်နေမှန်းမသိဘူး။အဖွားဝမ်းနဲ့ ရယ် မောကာ စကားပြောနေသည်။

“သင်မျက်နှာဖုံးကို ဘယ်လိုချွတ်မလဲဆိုတာကြည့်နေ!”
ဝမ်းလဲ့ပန်းက အေးစက်စက်တစ်ချက်ရယ်လိုက်သည်။

သူလုပ်ချင်တာက လွယ်လွယ်လေး ၊ ချန်ချူရဲ့ တစ်ကယ့်ခွန်အားထုတ်သုံးအောင် လုပ်နိုင်ရင်ရပြီ။အဲလို စဉ်းစားပြီးတော့ ဝမ်းလဲ့ပန်း အခန်းထဲကို ဝင်ရောက်လာသည်။
“အဖွား ၊ ကျွန်တော်ပြန်လာပြီ!”

  ဝမ်းလဲပန်းက အသံတစ်ချက်ထွက်လိုက်ကာ ချန်ချူနားကိုသွားလိုက်သည်။
“ဒီကလေး ဘယ်တွေလျောက်သွားနေတာလဲ ?” အဖွားဝမ်းက အမြန်ပြောလိုက် သည် “ဒီမှာ မင်းဆရာကို လာနူတ်ဆက်ဦး”

“အော်!”
စကားအဆုံးမှာ ဝမ်းလဲ့ပန်း ရုတ်တရက် ချန်ချူ မျက်နှာကို ဦးတည်ကာ လက်သီး ဖြင့်ထိုးလိုက်သည်။ချန်ချူ တုံပြန်မှုနှေးသွားကာ ဝမ်းလဲပန်းအထိုးခံလိုက်ရလို့ ကြမ်းပြင် ပေါ်လဲသွားသည်။ပြီးတော့ ဝမ်းလဲ့ပန်းက အားအကုန်သုံးလိုက်တာမို့လို့ ချန်ချူ တစ်ချက် တည်းနဲ့ ခေါင်းမူးကာ ကြောင်တောင်တောင်ဖြစ်သွားသည်။

အဖွားဝမ်းက သူမ ကြားတဲ့အသံက မူမမှန်တာကြားတော့ မျက်မှောင်ကျုံ့ကာ မေးလိုက်သည် “ဘာဖြစ်တာလဲ ?”
“ဘာ ….ဘာမှမဖြစ်ဘူး!”

ဝမ်းလဲ့ပန်းက အမြန်ဖြေလိုက်ကာ အမြန်ဆွဲထူလိုက်သည်။ မျက်လုံးပြူး ပျာယာ ခတ်ကာ ပြောလိုက်သည် “သင် ဘာလို့မရှောင်တာလဲ?”
ချန်ချူ ခေါင်းကို တစ်ချက်ယမ်းလိုက်သည်။အဲတော့မှ အနည်းငယ် ကြည်လင်သွား တော့တယ်။ပြီးတော့ ဝမ်းလဲပန်းကို ဒေါသအကြည့်ဖြင့် ကြည့်လိုက်သည်။သူ ဒေါသ ထွက်သွားပြီ။

မင်း လာတာတဲ့ ခိုးဝင်တိုက်ခိုက်တာ ၊ နည်းနည်းမှ လောကစည်းမျဉ်းကို မလိုက်နာဘူး။
ရှောင် မင်းအဘ ဘယ်လိုရှောင်မှာလဲ !

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now