အခန်း(63) ကျောင်းစာပြင်ပလှုပ်ရှားမှု

151 22 0
                                    

အခန်း(63) ကျောင်းစာပြင်ပလှုပ်ရှားမှု

ဒါပေမယ့် ဒါက ဟယ်ချောင်းက သူတို့ကို တမင်ခြောက်လန့်ခြင်းဖြစ်တယ်။တကယ် လို့ သူတို့နေရာမှာ သူဆိုရင်လဲ လုရန်တို့ ချန်ချူရဲ့ထောင်ချောက်ထဲဝင်သွားခဲ့လို့ရှိရင် သူလဲပဲ အတန်းခုနစ်ကကျောင်းသား တွေနဲ့အတူတူ လုရန်တို့ကို အနိုင်ကျင့်မှာပဲ။
ဒါကြောင့် ဒီလောက်ဆိုရင် တော်သင့်ပြီဆိုတာ သူသိနေတယ်။

နောက်ပြီး အတူတူ ဆော့ကစားလာတဲ့ကောင်တွေ သံယောဇဉ်တော့ ရှိတာပေါ့။
“ကောင်းပြီ ဒီတစ်ခေါက်တော့ ထားလိုက်တော့” ဟယ်ချောင်းက ဟွန့်! တစ်ချက် လုပ်ပြီးဆက်ပြောလိုက်သည် “နောက်တစ်ခေါက်ထပ်ဖြစ်လို့ကတော့  ငါမင်းတို့ကို ဘယ်လိုပညာပေးမလဲ ဆိုတာ ကြည့်နေလိုက် !”

“စိတ်ချပါ! ဟယ်သခင်လေး , နောက်တစ်ခေါက်ဆိုတာမရှိစေရဘူး!”
လုရန်တို့အဖွဲ့တွေ ခေါင်းအမြန်ညိမ့်လိုက်ကြသည်။

ဒါနဲ့ပဲ ဟယ်ချောင်း လုရန်တို့ကို ခေါ်ပြီး အတူတူ သစ္စာဖောက်ကာ ချန်ချူ ရုံးခန်းသို့ ရောက်လာကာ သူတို့ ချန်ချူစကားနားထောင်မယ့်အကြောင်းလာပြောလိုက်သည်။ နောက်ဆို သူတို့မဆိုးရဲတော့ဘူးဆိုတဲ့အကြောင်း။
အဓိက က သူတို့လဲ မဆိုးမိုက်ရဲတော့ဘူး။

ချန်ချူ အရမ်းကို ကောက်ကျစ်လွန်းတယ် ၊ ထောင်ချောက်တစ်ခုမဟုတ်တစ်ခု ဆင်ပြီး သူတို့ကို ပညာပေးနိုင်တယ်။
ချန်ချူဖက်မှာ မနေရင် နောက်ဆို ချန်ချူ ဒီထက်ပိုဆိုးတဲ့နည်းလမ်းတွေ သုံးလာနိုင်တယ်။နောက်ဆို ကျိုးဖုန်းတို့နဲ့ အဖွဲ့ဖွဲ့ပြီးနေရတာပေါ့ ၊ အနည်းဆုံးတော့ အတန်းခုနစ် ကျန်ကျောင်းသားတွေ သူတို့ကို ပစ်ထားလဲ အဆင်ပြေသေးတယ်။

ဒီလိုနဲ့ အတန်းခုနစ်ကို သိမ်းသွင်းမှုက တစ်ဆင့်တိုးအောင်မြင်သွားသည်။
“အင်း နှမျော်ဖို့ကောင်းတာက ဒီနည်းလမ်းက တစ်ခေါက်ပဲသုံးလို့ရတယ် ၊ ပြီးတော့ ဟယ်ချောင်းတို့အဖွဲ့အတွက်ပဲ အသုံးဝင်တာ”

ချန်ချူ ပုခုံးနှစ်ဖက်တွန့်လိုက်သည်။အကြောင်းကတော့ လွယ်ပါတယ် ၊ ဟယ်ချောင်းက နဂိုကတည်းက အတန်းခုနစ်ကကျောင်းသားတွေ သိပ်ပြီးကြည့်မရတဲ့သူမို့လို့ ၊ ပြီးတော့ နဂိုကတည်းက ကျောင်းသားတွေဖက် ပြတ်သားစွာရပ်တည်တဲ့သူမျိုးလဲ မဟုတ် လို့ ၊ဒါကြောင့် ဒီလို ထောင်ချောက်ဆင်တဲ့နည်းမျိုးကို သုံးလို့ရတာ။
တကယ်လို့တခြားအဖွဲ့ ၊ သန့်စလ်ကျားတို့ ၊ ကျွမ်းရိုတို့ အဖွဲ့မျိုးတွေကို သုံးကြည့် ၊ သူတို့အဖွဲ့တွေမှာ ခေါင်းဆောင်က အာဏာအပြည့်ရှိတယ် ၊ ပြီးတော့ ဆရာတွေကို ဆန့်ကျင်နေတဲ့ နေရာမှာ ရှေ့ဆုံးက ပါဝင်နေသူတွေဆိုတော့ ဒီလိုနည်းမျိုးသုံးရင် အသုံး မဝင်ဘူး။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now