အခန်း(38) မင်းဘယ်လိုလို့ လူကို ဆဲတာလဲ ?

274 30 0
                                    

အခန်း(38) မင်းဘယ်လိုလို့ လူကို ဆဲတာလဲ ?

  ချန်ချူက လမ်းပေါ်မှာ ရှိနေတဲ့ ယွမ် ငါးသိန်းလဲဖြစ်နိုင်တယ်! (အစိုးရက ဝရမ်းထုတ် ထားတဲ့လူဆိုးကို ဆိုလိုတာပါ)
  ခဏကြာတော့ ကောင်းကောပြန်ဖုန်းဆက်လာသည်။ နားမလည်စွာဖြင့် ပြောလိုက် သည် “ဘာပြဿနာမှ မရှိဘူး ! သူနဂိုဇာတိက လွီ့ချွန်းမှာ ၊ အဘိုးက ကျောင်းဆရာ ၊ အဖေအမေကလဲ ကျောင်းဆရာတွေပဲ ၊ မူလတန်းကို လွီ့ချွန်းမှာ တက်တာ ၊တက္ကသိုလ် ကိုတော့ ကျန်းနန်းဆရာများတက္ကသိုလ်မှာတက်တာ ၊ မျိုးရိုးသုံးဆက်လုံး ကျောင်းဆရာ တွေကြီးပဲ  ကျောင်းဆရာမျိုးရိုးလို့တောင်ပြောလို့ရတယ် ”

  ဘာပြဿနာမှ မရှိတာကိုက ပိုပြီးပြဿနာရှိနေတာ !
  “ဆက်ပြီးစုံစမ်းကြည့်ပါဦး” ဝမ်လဲ့ပန်းက ခပ်တည်တည်ဖြင့်ပြောလိုက်သည်။ “ဒီလူ အဲဒီလောက်မရိုးရှင်းဘူး”

  “လဲပန်း ! မနောက်နဲ့ ! ငါဒီမှာတခြားကိစ္စတွေလုပ်စရာရှိသေးတယ်! မပြောတော့ဘူး ငါဖုန်းချလိုက်ပြီ ”
  “ခဏနေဦး ......”
  သူပြောတာတောင်မဆုံးသေးဘူး တစ်ဖက်က ဖုန်းချသွားသည်။ ဝမ်းလဲ့ပန်း စိတ်တိုတိုဖြစ်နူတ်ခမ်းဆူလိုက်သည်။

  “အဲတော့လဲ ကိုယ့်ဘာသာကို စုံစမ်းတာပေါ့ !”
  အချိန်က မြန်တယ်၊မျက်စိတစ်မှိတ်အတွင်းမှာ ရက်သက်တပတ်ပိတ်ရက်ကို ရောက်လာသည်။
  ချန်ချူမနက်စောစောစီးစီး ကတိအတိုင်း အားကစားရုံကိုရောက်လာသည်။ တံခါး အပေါက်ဝပဲရောက်သေးတယ် အထဲကဆူညံသံတွေကို ကြားနေရသည်။ကြည့်ရတာ လူမနည်းဘူးပဲ။

  ဝင်ရောက်လာတော့ ကျိုးဖုန်းတို့အဖွဲ့အပြင် တခြားလူအယောက် သုံးလေးဆယ် လောက်ရောက်နေတယ်။ ဘတ်စကတ်ဘောအားကစားဝတ်စုံဆင်တူဝတ်ထားကြသည်။ သူတို့ ထ.၁ ကကျောင်းသားတွေလိုပဲ
  “ဆရာချန် လာပြီ !”
  တစ်ယောက်အသံကျယ်ကျယ်ပြောလိုက်သည်။ တခဏအတွင်း အားလုံးအကြည့် တွေက ချန်ချူကိုစုပြုံ့ကြည့်လိုက်ကြသည်။

  ချန်ချူတစ်ခုခုကို တွေးမိလိုက်ပြီး ကျိုးဖုန်းအနားရောက်လာတာနဲ့မေးလိုက်သည်။ “မင်းခေါ်ထားတာလား ?”
  “မဟုတ်ပါဘူး”  ကျိုးဖုန်း ခေါင်းကို ယမ်းလိုက်ပြီး ပြောလိုက်သည်“သူတို့ဘာသာ သူတို့လာတာ ကျွန်တော်တို့ဒီနေ့မနက်လေ့ကျင့်မယ်ဆိုတာဘယ်ကနေ ကြားလာတာ လဲမသိဘူး အများကြီးစုပုံပြီးရောက်တာတာ အားလုံးက ကျွန်တော်တို့ကျောင်းကပဲ”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now