အခန်း(83) ‌ စစ်ဆေးမေးမြန်းခြင်း

136 14 1
                                    

(83) ‌ စစ်ဆေးအခန်းမေးမြန်းခြင်း

ယွဲ့ယင်းအဆူခံလိုက်ရတော့ ခေါင်းလေးပုသွားသည်။တကယ်တော့ သူမလဲ သေချာကြီးတော့မဟုတ်ဘူး၊ ခုနက အများကြီးမတွေးပဲ ပြောမိသွားတာ။
စွန်းချုံးဒေါသထွက်နေတာမြင်တော့ သူမလဲဆက်မပြောရဲတော့ဘူး ၊ ခြောက်ကပ် ကပ်ရယ်လိုက်ပြီး အခန်းထဲကနေလစ်ထွက်သွားတော့သည်။

စွန်းချုံးကတော့ ခေါင်းတွေပိုပြီးကိုက်လာပြီ ၊ လက်နှစ်ဖက်နောက်ပစ်က အခန်းထဲမှ ဟိုလျောက်လိုက်ဒီလျောက်လိုက်နဲ့ ၊ မျက်မှောင်ကလဲ ကျုံ့လို့။
သတ်မှတ်အချိန်ရောက်လို့မမှ စစ်ဆေးလို့မရရင် ဒီအကြောတင်းကောင်တွေကို လွတ်ပေးရတော့မယ်။

ဒီသူလျိုကောင်တွေက ကို ဖမ်းဖို့အချိန်သုံးနှစ်လောက်ကြာခဲ့တာ ၊ လူအင်အား အယောက် တစ်ရာကျော်ထုတ်သုံးခဲ့ရတာ၊ လူကော၊အချိန်ကော၊ငွေကော အားလုံးရင်း နှီးခဲ့ရတာ။
သတ်သေပစ္စည်းတစ်ခုမှကို မမိဘူး။ဒီကောင်တွေက အရမ်းကို သတိကြီးပြီး သတ်သေကျန်မဲ့အရာအားလုံးကို ဖျောက်ဖျက်လိုက်တာ။

“တောငန်းကို နှိမ်နင်းတာ ၊ တောငန်းကြောင့်မျက်လုံးဆုံးတော့မယ်?(အပြစ်သားဖက်က နိုင်နေတယ်)”စွန်းချုံးဒေါသတကြီး စားပွဲကို ပုတ်လိုက်သည်။ “ဒီခြေအနေ ရောက်မှတော့ ၊ ငါတို့ကောအန်းဘယ်လို အာဏာပြမလဲ ၊ ငါတို့နိုင်ငံ အာဏာကျဆင်း ကုန်မှာပေါ့”
ဒေသအသီးသီးက စစ်ဆေးမေးမြန်းကျွမ်းကျင်ပညာ ကိုဖိတ်ခေါ်စမ်းကြည့်ပြီးပြီ။ ဘာတစ်ခုမှ မေးမြန်းလို့မရဘူး။ပြီးတော့ ဒီကိစ္စက နိုင်ငံတကာကပါသိနေပြီ။ဟိုကောင်တွေကတော့ လုံးဝအရူံးမပေးဘူး၊ မောက်မာတယ်၊ ဆိုးဝါးတယ်၊ ဘာသတင်းအစအနမှ သူတို့ဆီကမရဘူး။သူတို့ဖမ်းထားတဲ့အချိန်မှာ တောင်းဆိုမှုများတယ်၊အငြိမ်မနေဘူး။
အချိန်ရောက်လို့ပြန်လွတ်လိုက်ရင် သူတို့ကို ကောအန်းက နှိပ်စက်ပါတယ်လို့ ပြောလာနိုင်သေးတယ်။

အရင်ခတ်တုန်းကဆိုရင် ဒီလိုကောင်တွေအရေခွံအထပ်ထပ်ကွာကြနေလောက်ပြီ။
စွန်းချုံးတွေးရင်နဲ့ ဒေါသတွေ အလိပ်လိပ်ထွက်နေသည်။

သူတစ်ယောက်ထဲသိက္ခာအကျခံရတာက ကိစ္စမရှိဘူး၊ တကယ်လို့ နောက်ဆုံး သက်သေမပြနိုင်ခဲ့ရင် နိုင်ငံပါ သိက္ခာကြတော့မှာ။
ဒါကြောင့် ဒီကိစ္စက အရမ်းကို အရေးကြီးနေတယ်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now