အခန်း(42) မင်းအိမ်က သွန်းဟွမ်မှာလား ?

178 20 0
                                    

အခန်း(42) မင်းအိမ်က သွန်းဟွမ်မှာလား  ?

  ရမှတ် 8:8 ၊ပြီတော့ဒီတစ်ခေါက် ဘောလုံးစပေးအဖွဲ့က ချန်ချူတို့အဖွဲ့
  ကျိုးဖုန်းတောင်ဘောလုံးမပေးရသေးဘူး ၊အိုးရန်ဟောက်က ချန်ချူရှေ့ကို ရောက်လာပြီ။လက်နှစ်ဖက်ဖြန့်ကာ ကာထားလိုက်ရင်း တစ်ဖက်ကလဲ အေးစက်စက်လေလံ ဖြင့် အသံတိုးတိုးပြောလိုက်သည်။ “ချန်ချူ လီရီးရန်က မင်းရဲ့ကျောင်းနေဖက် သူငယ်ချင်းမဟုတ်လား?”
 
  အမ်?
  ချန်ချူ စိတ်တစ်ချက်လေးသွားသည်။အသံမထွက်ပဲ ကျိုးဖုန်းဆီက ဘောလုံးတောင်းလိုက်သည်။

  အိုးရန်ဟောက်က ရယ်ပြီးဆက်ပြောလိုက်သည်။ “ကြားရတာတော့ မင်းတို့ အခု တလောစကားအများကြီးပြောဖြစ်ကြတယ်ဆို ?”
  ချန်ချူက အိုးရန်ဟောက်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး “မင်းအိမ်က သွန်းဟွမ်မှာလား ? ပန်းချီကားအဲလောက်များတာလား ? (ယဉ်ယဉ်ကျေးကျေးလဲ မင်းနဲ့ဘာဆိုင်အဲလောက်မေးနေတာလဲလို့  ပြောတာပါ ၊သွယ်ဝှက်ပြီးဆဲလိုက်တာပါ )”

  အစကတည်းချန်ချူ အိုးရန်ဟောက်မူမမှန်တာကို သတိထားမိတယ်။ပြိုင်ပွဲပြိုင်ဖို့ ဖိတ်ခေါ်ကတည်းက ၊ အိုးရန်ဟောက်လဲ သူများနိုင်တာကြိုက်တဲ့ပုံမျိုးမဟုတ်ဘူး။
  အခု အိုးရန်ဟောက်စကားစလိုက်တာနဲ့ ဒီကောင်မကောင်းကြံနေပြီဆိုတာ ချန်ချူ ရိပ်မိတယ်။
  ချန်ချူဒီလိုပြောလိုက်တော့ အိုးရန်ဟောက်တစ်ခဏတော့ ကြောင်သွားသည်။ နောက်မှ သူ့ကို ဆဲလိုက်ကြောင်းသဘောပေါက်သွားသည်။အေးစက်စက်တစ်ချက်ရယ် လိုက်ပြီး ပြိုင်ပွဲကို ခဏ ရပ်လိုက်သည်။
  “ပြိုင်ပွဲ ခဏရပ်မယ် ကျွန်တော်ကြေငြာစရာရှိလို့ !”

  အိုးရန်ဟောက် ပတ်လည်က ပရိသတ်ဖက်ကို တစ်ချက်လှမ်းအော်လိုက်သည်။ နောက်တော့ လီရီးရန်ရှိတဲ့ဖက်ကို လျောက်သွားသည်။လီရီးရန်ရှေ့အထိ ရောက်လာ ကာ ပြုံးလိုက်ပြီးနောက် အားလုံးရဲ့ရှေ့မှာ အသံကျယ်ကျယ်ပြောလိုက်သည်။
  “လီရီးရန် ငါနင့်ကိုကြိုက်တယ် !”

  တစ်ခဏတိတ်သွားပြီးတော့ ဆူညံပွက်လောက်ရိုက်သံတွေ ထွက်ပေါ်လာသည်။
  လီရီးရန်လဲ တစ်ချက်ကြောင်သွားပြီးနောက် နားရွက်တွေနီလာကာ  ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ပြေးထွက်သွားတော့သည်။ထ.2 ဆရာမှ အချို့လဲ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး လီရီးရန်နောက်ပြေးလိုက်သွားသည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now