အခန်း(21) အားနာစရာကြီး

202 24 0
                                    

အခန်း(21)  အားနာစရာကြီး

  ဒီဗီဒီယိုက ကျိုးဖုန်းတို့ ရိုက်ထားတာ ၊ပြီးတော့ ကျောင်းအတွင်းမှာ ပြန့်နေပြီ။ အခုဆိုရင် ဘတ်စကတ်ဘောကစားတာ ကြိုက်တဲ့သူတွေအတွက် ချန်ချူက ဆရာကြီး တပါးလိုဖြစ်နေပြီ။
  လူဆိုတာတော့ ချီးကျုးတာတော့ ခံချင်ကြတာပဲ။ချန်ချူလဲအတူတူပဲ။

  ဒီနေ့စာသင်တော့ ကျောင်းသားတချို့ သူ့ကို
နူတ်ဆက်တဲ့သူနဲ့ ဆရာချန်လို့ ရင်းနီးစွာ ခေါ်တဲ့သူနဲ့ လေးစားအထင်ကြီးတဲ့ မျက်လုံးနဲ့ ကြည့်တဲ့သူနဲ့ ၊ ဘာပဲ ဖြစ်ဖြစ် ချန်ချူလဲ သဘောကျမိတာပေါ့။
 
  တွက်ကြည့်လိုက်တော့ သင်ယူလေ့လာမှုမြင့်တင်ခြင်း ပစ္စည်းတစ်စုံ 6ခုကို အဆင့် C သို့ မြင့်တင်ချင်ရင် အနည်းဆုံး စာသင်မှတ် တစ်သောင်းကျော်နဲ့ ပစ္စည်းအများကြီး လိုအပ်တယ်။ဒါကြောင့် ချန်ချူ မဲနိူက်ချင်စိတ်ကို ထိန်းချုပ်ထားပြီး C အဆင့်မြင့်ဖို့ စာသင်မှတ် စုဦးမယ်လို့ ရည်ရွယ်ထားသည်။
  ဒါပေမဲ့ အတန်းခုနစ် ကတော့ အရင်အတိုင်းပဲ။ချန်ချူအချိန်ဆိုရင်တော့ တော်သေး တယ်။ကျန်တဲ့အတန်းချိန်တွေဆိုရင်တော့ သိပ်မငြိမ်ဘူး။စာသင်မှတ် ထုတ်လုပ်မှုက မတည်ငြိမ်ဘူး။

  တစ်ပတ်တိတိလေ့လာမှုအရကော ပြီးတော့ ကျိုးဖုန်းတို့ရဲ့သတင်းပေးမှုအပါအဝင် ချန်ချူ အတန်းခုနစ် ကျောင်းသားတွေရဲ့အချက်လက်တွေကို တော်တော်လေးသိနေပြီ။
  အတန်းခုနစ် ကျောင်းသားတွေက စည်းလုံးမှုမရှိဘူး။အဖွဲ့အများကြီးကွဲနေတယ်။
  ကျိုးဖုန်းတို့ ကာယကျောင်းသားတစ်ဖွဲ့က အဖွဲ့တွေထဲကတစ်ဖွဲ့ ၊လောလောဆယ် ချန်ချူဖက်ပါသွားတဲ့အဖွဲ့။
  ဒါ့အပြင်ကို တစ်ခြားအဖွဲ့တော်တော်များများရှိသေးတယ်။

  သန့်စလ်ကျား ခေါင်းဆောင်တဲ့ အကအထူးပြုယူတဲ့အဖွဲ့၊ 7 ယောက်
  ကျွမ်းရိုခေါင်းဆောင်တဲ့ အသံအထူးအပြုယူထားတဲ့အဖွဲ့၊ 9 ယောက်
  ​လျောက်ခွန်းရန်ခေါင်းဆောင်တဲ့ ပန်းချီဆွဲအထူးပြုယူတဲ့အဖွဲ့၊ 11ယောက်
  ဟယ်ချောင်ခေါင်းဆောင်တဲ့ တူရိယာ အထူးပြုယူတဲ့အဖွဲ့၊5 ယောက်

  ဒီလိုအဖွဲ့လိုက်တွေအပြင် တစ်ယောက်ထဲသင်းကွဲသမားတွေရှိသေးတယ်။
  အထူးဥပမာဆိုရင် လီရိရန်၊ရွီထျန်းဟောက်၊ရန်မောက်၊ဝမ်းလဲ့ပန်း တို့လို အတန်းရဲ့ အဓိက လူဆိုးလေးယောက်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now