အခန်း(24) အံသြစရာပဲ !
အခန်း 7021
နာရီဝက်ကျော်လောက်ဆိုပြီးနောက် နောက်ဆုံးတော့ လီရီးရန် ရွေးထားတဲ့ ‘ကြက်သွန်နီ’ သီချင်းကို ရောက်လာသည်။လီရီးရန်ကို တစ်ချက်ကြည့်လိုက်တော့ မျော်လင့်နေတဲ့ မျက်နှာလေးနဲ့။
ဒါကိုမြင်တော့ ချန်ချူလဲ အသက်ပြင်းပြင်းတစ်ချက်ရိူက်လိုက်ပြီး သေချာဆိုဖို့ ဆုံးဖြတ်ထားသည်။သံစဉ်ထွက်ပေါ်လာတာတဲ့ အခန်းထဲမှာတိတ်ဆိတ်သွားပြီး သေချာ နားထောင်နေကြသည်။“တကယ်လို့ သင်ရဲ့မျက်လုံးကသာ ငါဆီကို ခဏလောက်ကျရောက်ခဲ့မယ်ဆိုရင်.”
“တကယ်လို့ ငါရဲ့အသဲကွဲသံကို သင်ကြားခဲ့မယ်ဆိုရင်…………”
“တိတ်တိတ်လေးပဲ မင်းအနားမှာ……………”
“ထူးဆန်းမှုဖြစ်ပေါ်အချိန်ကို တိတ်တိတ်လေးမျော်လင့်နေရင်း……..”ချန်ချူ မျက်လုံးမှိတ်ပြီး သံစဉ်ထဲမှာ လွင့်မျော်နေတယ်။ သီချင်းစာသားတစ်လုံး ချင်း ဟာ အခန်းထဲက လူတိုင်းရဲ့ နားထဲမှာ လွင့်မျော်နေသည်။အဲအချိန်မှာ နဂိုက ပြောင်စပ်စပ်နဲ့ ကျောက်ရိကျိုးတောင်မှ ထိုသီချင်းကြောင့် မရယ်မောနိုင်တော့ဘူး။
သူရဲ့သီချင်းသံစဉ်ကြောင့် အားလုံးဟာလွမ်းမောစရာအတိတ်ကို ပြန်တွေးမိကြ သည်။“တကယ်လို့ သင်တာ ငါ့ရဲ့နှလုံးသားကို တစ်ထပ်ပြီးတစ်ထပ်ခွာကြည့်မယ် ဆိုရင်……..”
“သင်မြင်ရမှာက ……….”
“သင် အံသြစွာတွေ့ရမှာက………..”
“ငါ့ရဲ့အနက်ရိူင်းဆုံးတစ်နေရာက ဘယ်သူမှ မသိနိုင်တဲ့ လျို့ဝှက်ချက်တစ်ခု”လုံးဝကို အာရုံစိုက်ပြီးဆိုလိုက်တော့ ခံစားချက်တွေထပ်တူကျကုန်တာ ချန်ချူ မျော်လင့်ထားတာထက်ပိုတယ်။သူဆိုလို့ပြီးသွားတော့ ပျော်ရွင်စွာဟစ်အော်သံလဲ မကြားရဘူး၊လက်ခုပ်သံလဲမကြားရဘူး၊ ကြားလိုက်ရတာက ငိုသံတွေ။
အမ် ?ခေါင်းလှည့်ပြီးတစ်ချက်ကြည့်လိုက်တော့ ကောင်းရော ၊မိန်းကလေး လေးငါး ယောက်လောက်က ငိုပြီးမျက်ရည်သုတ်နေတယ် တခြားမိန်းကလေးတွေက သူတို့ကို နှစ်သိမ့်နေသည်။
လီရီးရန်တောင်မှ သူမဘေးနားက အခန်းဖော်ကို နှစ်သိမ့်နေသည်။ဒါကိုမြင်တော့ ချန်ချူလဲ ရယ်ရမလား ငိုရမလားမသိဖြစ်သွားတယ်။
YOU ARE READING
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Mystery / Thrillerသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ