အခန်း(135) မြန်မြန်နောက်ဘ၀၀င်စားချင်လို့လား?

78 21 3
                                    

အခန်း(135)  မြန်မြန်နောက်ဘ၀၀င်စားချင်လို့လား?

“ဘာတွေဖြစ်တာလဲ?”
ချန်ချူ လူတွေအများကြီးရောက်လာတာတွေ့တော့ အံသြသင့်သွားသည်။

၀မ်းလဲ့ပန်းလဲ ကြောင်သွားသည်။ “မသိဘူး! လူတွေအများကြီးရောက်လာပြီ”
ခဏနေတော့ ခုနစ်ယောက်ရှစ်ယောက်ရှိတဲ့ အုပ်စုတစ်စုအရှေ့တက်လာသည်။

“ဘာလဲ? ညဖက်ကြီး မအိပ်ပဲ ဘာလုပ်နေတာလဲ! ?”
“ငါရိ အမွေးတောင်မစုံသေးတဲ့လူငယ်တွေက လမ်းဘေးလူမိုက်လုပ်ချင်သေး တယ်ပေါ့ ! ?”

“အရိုက်ခံချင်နေတာလား! ?”
ထိုအုပ်စုက စပြီးဆူဆဲတာနဲ့ ၊ လူမိုက်အုပ်စုကောင်လေးတွေ လန့်သွားသည်။

ရွီချောင်းနဲ့ရွီထျန်းဟောက်ရဲ့နောက်လိုက်လေးတွေ ဖြည်းဖြည်းခြင်းအနားရောက် လာသည်။လူမိုက်အုပ်စု ရွီချောင်းတို့အဖွဲ့ကို မြင်လိုက်တော့ အမွှေးတွေတောင်ထောင် လာသည်။
ရွီစန်းရယ် (ရွီထျန်းဟောက်အဖေ)ရဲ့ လူတွေကို သူတို့ကောင်းကောင်းသိတာပေါ့။

နောက်ပြီးတော့ ရွီချောင်းတို့အဖွဲ့တွေလဲ နောက်နှစ်ဖွဲ့ကို နားမလည်စွာဖြင့်လှမ်း ကြည့်လိုက်သည်။
“ချောင်း အဲနှစ်ဖွဲ့က ဘယ်ကလူတွေလဲ !?”

ရွီချောင်းကတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည် “အမည်းရောင်ဝတ်စုံတွေနဲ့ က သန့်စလ်ကျားတို့အိမ်က သက်တော်စောင့်တွေ ၊ နောက်တစ်ဖွဲ့က ကျွမ်းရိုတို့ KTV က အစောင့်တွေ၊ ရုတ်တရက်ဒီလောက်လူအများကြီးလာတာ ၊ ပြဿနာတက်လိမ့်မယ်”
“ဝေ့! လောက်ကို ဘယ်မှာလဲ?”ရွီချောင်းက အနားက လူမိုက်တစ်ယောက်ကို မေးလိုက်သည်။

“အဲထဲ….အဲထဲမှာ ဆရာတစ်ယောက် သူ့ကို မြေပြင်မှာဖိထားတယ်!”
ရွီချောင်းတို့အဖွဲ့လဲကြောင်သွားပြီး အနားကလူတွေဖယ်ကာ လူအုပ်အတွင်းထဲကို ၀င်ကြည့်လိုက်တော့ ချန်ချူ လောက်ကိုကို ဖိထားပြီး လောက်ကို လှုပ်ရှားလို့မရတာကို တွေ့လိုက်ရသည်။

ချန်ချူလဲကြောင်သွားသည် “မင်းတို့ ဘယ်လိုလို့ဒီကိုရောက်လာတာလဲ?”
“ဆရာ ၊ ကျွန်တော်တို့လဲ တစ်ခုဖြစ်မှာဆိုးလို့ လာပြီးကူညီပေးတာ”ရွီချောင်းက အမြန်ရှင်းပြလိုက်သည် “ဆရာ  လောက်ကိုကို လွတ်ပေးလိုက်ပါ ၊ သူလျောက်မလုပ် ရဲဘူး”

You've reached the end of published parts.

⏰ Last updated: Jul 09 ⏰

Add this story to your Library to get notified about new parts!

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now