အခန်း(111) ‌ သူတို့အတွေးအခေါ်တွေကို ပြောင်းပြန်လှန်ဖြစ်ချင်နေတယ်

132 11 0
                                    

အခန်း(111) ‌ သူတို့အတွေးအခေါ်တွေကို ပြောင်းပြန်လှန်ဖြစ်ချင်နေတယ်

ဝမ်းလဲ့ပန်းရဲ့ရှင်းမော်ကိုဖျက်ဆီးလိုက်ပြီးနောက် ဝမ်းလဲ့ပန်းရဲ့အပြုအမူတွေက တကယ်ပဲ ထူးဆန်းလာတယ်။ဘယ်လိုပြောရမယ် တစ်ခုခုဝင်ပူးနေသလိုပဲ။
ချန်ချူတွေ့ရတာက နေ့တိုင်းအတန်းဆင်းတာနဲ့ ဝမ်းလဲ့ပန်းတစ်ကျောင်းလုံးနေရာ စုံလျောက်ပြေးနေတာကိုပဲ။

ဘာလုပ်နေတာလဲ? သူများကိုလိုက်ကူညီတာ
မှန်တယ် ၊ ကျောင်းသားပဲတွေ့တွေ့၊ဆရာ၊ဆရာမပဲတွေ့တွေ့ ၊ တွေ့တာနဲ့ဘာကူ ညီပေးရမလဲမေးတော့တာပဲ၊ ကူညီမလိုဘူးဆိုလို့ပြောရင် လောချင်သေးတယ်။

ဒါနဲ့ လူတော်တော်များများက အတန်းခုနစ်အခန်းရှေ့ကနေ ဖြတ်မလျောက်ရဲကြ တော့ဘူး။ဝမ်းလဲ့ပန်းရဲ့ “ဘာအကူအညီများလိုအပ်လို့”မေးသံကြားရမှာဆိုးလို့။
အစပိုင်းတုန်းက ချန်ချူက ဒါကကောင်းတဲ့အရာပဲလို့တွေးနေတာ ၊ ဒါပေမယ့် ကြာလာတော့ နည်းနည်းများနေသလားလို့၊ ဒီလိုမျိုးကြာရင်ပြဿနာတက်မှာစိုးရတယ်။

“ရှင်းမော်ဆိုတာ ပြောရရင်တော့ လူရဲ့အဆိုးဖက်အတွေးတွေနဲ့ တည်ဆောက် ထားတာ ၊ ငါက ဝန်းလဲ့ပန်းရဲ့ရှင်းမော်ကို ဖျက်ဆီးလိုက်တော့ ဝမ်းလဲ့ပန်းမှာ အဆိုးဖက် အတွေးအကုန်လုံးကိုဖျက်ဆီးလိုက်သလိုဖြစ်သွားပြီး သူ့ရဲ့ပုံမှန်တွေးခေါ်နိုင်စွမ်းကိုပါ ဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်….”
ချန်ချူပြတင်းပေါက်ကနေ ဝမ်းလဲ့ပန်းဟိုသွားဒီသွားလုပ်နေတာကိုကြည့်ပြီး အတွေးနက်နေသည်။

“ရှင်းမော်ဆိုတဲ့အကောင်က အပြင်ကနေဖျက်ဆီးရင် အန္တရာယ်များတာကို ၊ သူ့ကို လူကိုယ်တိုင်ထိန်းချုပ်မှအဆင်ပြေတာ ၊ ငါကအခုလိုလုပ်လိုက်တော့ ပြဿနာတက် တော့တာပေါ့…..”
ချန်ချူမျက်မှောင်ကျုံ့လာသည်၊ သူ့အမှားကိုသူသိပြီးဆိုတော့ ပြန်ပြင်နိုင်ဖို့လုပ်ရ မှာပေါ့။ပြီးတော့ ပိုးပြီးထူဆန်းတာက ရှင်းမော်ပြန်ဖြစ်မယ့်အချိန်ကနောက်ဆုတ်သွား တာပဲ၊ အရင်က ရက်ကိုးဆယ်ဆိုရှင်းမော်ပြန်ဖြစ်လာရမှာ ၊ အခုတော့ ရက်တစ်ရာနှစ် ဆယ်မှ ပြန်ဖြစ်မယ်တဲ့။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now