အခန်း(14)ငါဒေါသအထွက်လွန်ပြီးနားကြားမှားနေပြီလား?

324 52 0
                                    

အခန်း(၁၄) ငါဒေါသအထွက်လွန်ပြီးနားကြားမှားနေပြီလား?
 
  တစ်နေ့ခင်းလုံးနားနေပြီးနောက် ကိုယ်ခန္ဓာကိုက်ခဲမှုတွေလျော့သွားသည်။နေခင်း ထမင်းစားပြီးနောက် ချန်ချူ တက္ကစီ စီးကာ ကျိုးဖုန်းအိမ်ကိုသွားလိုက်သည်။
  ကျိုးဖုန်းပေးတဲ့သူတို့အိမ်လိပ်စာက ဟန်ကျင်းအိမ်ရာ ၊အိမ်ရာကိုမြင်တော့ ချန်ချူမျက်နှာမှာ အားကျတဲ့အရိပ်အယောင်လေးတွေပေါ်လာတယ်။

  ဟန်ကျင်းအိမ်ရာ က  အိမ်တိုင်းက ခြံဝင်းကျယ်ကျယ်လုံးချင်းတိုက် ၊တစ်အိမ်ကို အနည်းဆုံး RMB (တရုတ်ငွေ ယွမ်)  သိန်း 200 လောက်ပေးရတယ်။မကြာမီ ချန်ချူ အိမ်ရာ တံခါးဝကိုရောက်လာတယ်။
  ကျိုးဖုန်းတံခါးဝမှသူ့ကိုစောင့်နေပြီးသား။လုံခြုံရေးမှာ အဝင်လက်မှတ်ထိုးပြီးမှ ကျိုးဖုန်းအိမ်ကိုသွားလိုက်သည်။အဲလောက်အဆင့်မြင့်တဲ့ အိမ်ရာကိုမလာဘူးတော့ လမ်းတလျောက် ချန်ချူဟိုကြည့်ဒီကြည့်နဲ့။

  “ဒီအိမ်ရာပတ်ဝန်းကျင်လေး မဆိုးဘူးနော် !”
  ကျိုးဖုန်းက တစ်ချက်ဟေးဟေးနဲ့ရယ်ပြီးပြောလိုက်သည် “လောက်ချန် စဉ်းစားမနေနဲ့ သင်လက်ရှိလစာလေးနဲ့ မစားမသောက်ပဲစုမယ်ဆိုရင်တောင် နှစ်နှစ်ရာမှ ဝယ်နိုင်မှာ”

  ဒါ……နှလုံးကိုမြှားနဲ့ပစ်တာပဲ
  ချန်ချူ ကျိုးဖုန်းကို တစ်ချက်မျက်လုံးပြူးကြည့်လိုက်ပြီး “မင်းမပြောလဲငါသိ ပါတယ်….အကြာကြီးလမ်းလျောက်လာတာ …မင်းအိမ်ကမရောက်လေးဘူးလား?”
  “ရောက်တော့မယ် …ရှေ့နားလေးတင်”
  ခဏကြာတော့ ကျိုးဖုန်းအိမ်ကိုရောက်လာသည်။အိမ်တံခါးဖွင့်လိုက်တော့ ခမ်းနား တဲ့ ဧည့်ခန်းမကြီးတစ်ခု…

  အသက်အလယ်အလတ်လောက်ရှိတဲ့ လူကြီးတစ်ယောက်က ဆိုဖာပေါ်မှာ ခြေလိမ်ကာ ဆေးလိပ်သောက်နေသည်။ချန်ချူကိုမြင်တော့ အမြန်မတ်တက်ရပ်လိုက် ပြီး ပြုံးကာ လက်တစ်ဖက်ဆန့်လိုက်ပြီး “ဆရာချန် မင်္ဂလာပါ …ကျွန်တော်က ကျိုးဖုန်း ရဲ့အဖေ ကျိုးရန်ရှင့်ပါ”

  ချန်ချူလဲ အမြန်လက်ဆွဲနူတ်ဆက်လိုက်တယ် ။သူတောင်မထိုင်ရသေးဘူး။ ကျိုးဖုန်းက လှည့်ထွက်သွားပြီးသူ့အခန်းကိုပြန်ဖို့လုပ်သည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now