အခန်း(66) ဒီနှစ်အတွက်အော်စကာဆုကိုသင့်ကို မပေးရင်...

225 34 1
                                    

အခန်း(66) ဒီနှစ်အတွက်အော်စကာဆုကိုသင့်ကို မပေးရင်…

သူတို့အားလုံးကြောင်တောင်တောင်ဖြစ်သွားသည်။အကြာကြီးနေတဲ့ အထိ သတိ ပြန်မလည်လာဘူး။
တစ်က္ကန့်လောက်အချိန်အတွင်းမှာ သူတို့ အရမ်းမြန်တဲ့အရိပ်တစ်ခုဖြတ်သွားတာ မြင်လိုက်ရတာ။

ချန်ချူ လေကို ခပ်ပြင်းပြင်းရူရှိက်နေသည်။အချိန်တော်ကြာမှ ထလာနိုင်တယ်။  လက်ထဲက သဲအိတ်ကို တစ်ချက်လှုပ်လိုက်ပြီး ငိုင်နေတဲ့ ရွီထျန်းဟောက်ဆီကို လှမ်း ပေးလိုက်သည် : “ငါ သဲအိတ်ကို ဖမ်းမိသွားပြီနော် ၊ ဒီတော့ လောင်းကြေးအတိုင်း အခု semester မှာ ကျန်သေးသေးတဲ့ အတန်းချိန်အားလုံးမှာ  မင်းတို့အားလုံးငါ့ကို လိမ်လိမ် နဲ့ အတန်းတက်ပေး”
ရွီထျန်းဟောက် အဲတော့မှ သတိပြန်လည်လာပြီး ၊ သဲအိတ်ကို ကြည့်လိုက်၊ ချန်ချူ ကို ကြည့်လိုက်နဲ့ မျက်နာအမူအရာက ငိုင်နေသည်။

“ဒါမှမဟုတ်လဲ ငါတို့ဆက်ပြီးကစားကြတာပေါ့ ? ငါက နောက် semester အိမ်စာ နဲ့ မင်းတို့ရဲ့ နောက် semester …”
“ငါရိ , မကစားတော့ဘူး” ရွီထျန်းဟောက်ဒီအချိန် ချန်ချူသူတို့ကို လှည့်စားပြန်ပြီ ဆိုတာကို သိသွားပြီ ၊ ဒေါသထွက်ထွက်ဖြင့် သဲအိတ်ကို မြေပြင်ပေါ်ပစ်ပေါက်ပြီ လှည့် ထွက်သွားတော့သည်။

တခြားကျောင်းသားတွေလဲ ဒေါသတကြီးမျက်လုံးတွေနဲ့! သူတို့မျက်လုံးတွေက ပြောနေတာက ငါရိ မင်းသရုပ်ဆောင်တာပေါ့လေ?
ဒေါသထွက်လိုက်တာနော်!

နောက်တစ်ခေါက် ချန်မျိုးရိုးကို ယုံမိလို့ကတော့ ငါရိ ငါက ခွေးတစ်ကောင်ပဲ!
တော်တော်များများက စိတ်မကျေနပ်စွာဖြင့်ထွက်ခွာသွားတော့သည်။ အဲတော့ သူတို့နားမှာ လူအများစုပြန်သွားကြပြီး ကျိုးဖုန်းတို့၊ ဟယ်ချောင်းတို့တွေပဲ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ကျန်ခဲ့ကြတော့သည်။

အရှည်ဆုံးလမ်းတွေက ငါတို့အတန်းပိုင်ခင်းထားတဲ့ ထောင်ချောက်လမ်းတွေပဲ!
ဒီသရုပ်ဆောင်မှု…….အလွန်ကို ကောင်းမွန်လွန်းတယ်!

သူ့ဖက်လူတွေကိုပါ လိမ်နိုင်တယ်။ဒီနှစ်အတွက်အော်စကာဆုကိုသင့်ကို မပေးရင် ငါ အော်စကာပွဲတောင် မကြည့်ချင်တော့ဘူး!
ဒါပေါ့ တကယ်အဖြစ်မှန်ကိုတော့ ချန်ချူတစ်ယောက်သာသိတယ်။ အစပိုင်းတွေမှာ သူ ကော်ပီစွမ်းရည်ကို အသုံးမပြုတာကြောင့် တကယ်ပဲ အမောဖောက်နေတာ။ အတန်း ခုနစ်က ကျောင်းသားတွေ သတိနည်းသွားအောင်လုပ် လုပ်ချင်တာလဲပါတာပေါ့။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now