အခန်း(48) ကျွန်တော်သေတာ အရမ်းသနားဖို့ကောင်းတာပဲ!

145 21 0
                                    


အခန်း(48) ကျွန်တော်သေတာ အရမ်းသနားဖို့ကောင်းတာပဲ!

အခုမှ ပထမ တစ်ပိုင်းပဲပြီးသေးတာလား !?
ချန်ချူမျက်နှာထူးဆန်းနေသည်။

လက်ရှိရတဲ့သဲလွန်စတွေနဲ့ဆိုရင် အဖြစ်မှန်ကို အကြမ်းတော့ ချန်ချူခန့်မှန်းနိုင်ပါ တယ်။ဒါပေမဲ့ သူကြိမ်းသေပေါက်ကြီးရယ်လို့တော့မဟုတ်ဘူး။
ပြီးတော့ စစ်စတန်က အဆင့် A သတ်မှတ်ပေးတယ်ဆိုကတည်းက သူ တကယ့် အဖြစ်မှန်ကို မသိသေးဘူးဆိုလိုတာပဲ။

ဆုလဒ်ကိစ္စကို အသာထားဦး ၊ဒီတိုင်းပြန်ထွက်သွားမယ်ဆိုရင်နှမျောစရာကြီး ၊စိတ်ထဲမကောင်းဘူး။ပြီးတော့ သူ့မှာ အသက်အာမခံစွမ်းရည်တွေလဲ ရှိနေသေးတယ်လေ ၊ S အဆင့် ဆုလဒ်လောက်တော့ ကြိုးစားသင့်တယ်ထင်တာပဲ။
"ကြည့်ရတာ ငါ့အရိုးက ပျင်းရိတဲ့ ရိုးတွင်းခြင်ဆီတဲ့မဟုတ်ဘူးပဲ...."

ချန်ချူတစ်ချက်မဲ့ပြုံးပြုံးလိုက်ပြီး
"ဆက်ပြီး ပြိုင်မယ် !"

စစ်စတန်ဖက်ကလဲ အသံမထွက်လာတော့ဘူး၊ ထျန်ရှောင်းက ရှစ်မိနစ်စာ ကြောက်စိတ် ကျန်နေသေးတယ် ၊ အချိန်ကုန်သွားရင်တော့ ၊သူမဘာသူမထွက်သွား သို့မဟုတ် သူကို့ပြန်သတ်နိုင်တယ်။
ဒါပေမဲ့ လောလောဆယ်အခြေအနေမှာ ထျန်ရှောင်းရဲ့စွမ်းအားက အမြင့်ဆုံးပဲ!

ချန်ချူလဲ မများကြီးတွေဝေမနေပဲ ထျန်းရှောင်းပေါ်ကို ရာဇဝင်ပညာပေးစွမ်းရည် (နှစ်ဆယ့်လေးနာရီ ကြောက်စိတ်နဲ့ ပြန်လည်တွေးတောနောင်တရ)ကို သုံးလိုက်သည်။
ချန်ချူ တစ်ခွန်းတောင်မဟရသေးဘူး ၊ထျန်ရှောင်း ပုခုံးတွန့် ခေါင်းပုဝင်သွားသည် ကြည့်ရတာ နောင်တစပြီးရနေပြီ။

ချန်ချူလဲ ဘာပြောရမှန်းမသိဘူး။သေတာပဲ အနှစ် နှစ်ဆယ်ကျော်ပြီ အခုမှ နောင် တရလို့ ဘာလုပ်လို့ရမှာလဲ !
ချန်ချူလဲ ဘယ်လိုနှစ်သိမ့်ရမယ်မှန်းမသိတော့ဘူး။ပထမအကြိမ် သရဲကို နှစ်သိမ့်ရမှာ သူလဲမလုပ်ဖူးဘူးလေ!

ဆရာများ တက္ကသိုလ်တုန်းကလဲ အဲတာမသင်ခဲ့ရဖူးလေ။
"ကျောင်းသူ ထျန်းရှောင်း .....အင်း......ဆရာမင်းကို ကံကောင်းခြင်း သီချင်းဖွင့်ပြ မယ်......."

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now