အခန်း(114) ‌ အားလုံးကောင်းပါတယ်...ကြောက်စရာမကောင်းတာလေးတစ်ခုပဲ

123 11 0
                                    

အခန်း(114) ‌ အားလုံးကောင်းပါတယ်…ကြောက်စရာမကောင်းတာလေးတစ်ခုပဲ

တီတာတီတာ…..
လမ်းတစ်လျောက်စုတ်ပြတ်နေပြီ ၊ တိတ်ဆိတ်နေကာ ရေကျသံတစ်ခုပဲကြားနေ ရတယ်။
ချန်ချူ လက်ထဲမှာ light stick လေးကိုင်ထားပြီး နှစ်လွှာကို ရောက်လာသည်။သုံး လွှာကို တက်မယ့်လှေကားနားရောက်တော့ တံခါးကို သံကြိုးတွေနဲ့ ချီပြီးသော့ပိတ်ထား တာ တွေ့လိုက်ရတယ်။ကြည့်ရတာ နှစ်လွှာမှာ သော့ကိုရှာတွေ့မှ တံခါးဖွင့်လို့ရမှာထင် တယ်။

ချန်ချူကလမ်းလယ်ခေါင်မှာ သိပ်အများကြီးမစဉ်းစားပဲ ဘယ်ဖက်လမ်းကိုရွေး လိုက်သည်။ဖူဟယ်ဆေးရုံးကို တည်ဆောင်ထားတဲ့အနေအထားမဆိုးဘူး၊ဆေးရုံး ဟောင်းကြီးပုံစံလုပ်ထားတဲ့နေရာမှာ ခုနစ်ဆယ်၊ရှစ်ဆယ် ရာစုနှစ်လောက်ပုံစံလုပ်တာ ထား။
CCTV အခန်းထဲ၌

ရွီထျန်းဟောက်ချန်ချူ ဘယ်ဖက်ကိုသွားလိုက်တာတွေ့တော့ လူဆိုးအသံဖြင့်ရယ် လိုက်သည် “ဇာတ်ပွဲကောင်းလေးကြည့်ရတော့မယ် ! သူ့ကို အသက်တဝက်လိုက်ပါ သွားအောင်ခြောက်ပစ်လိုက်!”
ကျိုးဖုန်းတို့တစ်စု မျက်နှာပျက်သွားပြီး အကြည့်က လူနာခန်းနေရာကိုရောက်သွား သည်။

သုံးလေးလမ်းလောက်လျောက်ပြီးသွားနောက် ချန်ချူလူနာခန်းကိုရောက်လာသည် သူ့ရဲ့ အလင်းရောင်အချောင်းလေးနဲ့ ရမ်းပြီးကြည့်လိုက်တော့ လေထဲမှာတွဲလောင်းကျ နေတဲ့ပုံရိပ်တစ်ခုမြင်လိုက်ရသည်။သွေးတွေညစ်ပတ်စွာပေနေတဲ့ခြေထောက်တစ်စုံက ချန်ချူမျက်စိရှေ့မှာ တွဲလောင်းဖြစ်နေတယ်၊ မြေပြင်မျာတော့ အနှစ်ရောင်ဖိနပ်တစ်ရံကို အစီအရီချထားကာ…..
ဒါပေမယ့် ဒီမြင်ကွင်းချန်ချူမြင်တော့ပါးစပ်တစ်ချက်လှုပ်လိုက်ရုံပဲ၊ ဒါက ပုံတူပွား တစ်ခုသာဖြစ်သည်။

ဒီသရဲအိမ်က လုပ်ထားတဲ့ပတ်ဝန်းကျင်ကော ၊ ကိရိယာတွေက ၊ ဆေးကာလာအ ရောင်တွေ မဆိုးပါဘူး….ဒါပေမယ့်သိပ်တော့ ကြောက်စရာမကောင်းဘူး။
ပျင်းစရာကြီး

ချန်ချူတစ်ခါတည်းဝင်သွားကာ လေထဲတန်းလန်းဖြစ်နေတဲ့ ပုံတူပွားကို တစ်ချက် တောင်ကြည့်ရမှာပျင်းတယ်၊ လက်ထဲကမီးရောင်းလေးနဲ့ နေရာတိုင်းမှာ သော့ရှာလိုက် သည်။
CCTVအခန်းမှာတော့ ချန်ချူလန့်မသွားတာတွေ့တော့ ရွီထျန်းဟောက် မျက်မှောင် ကျုံ့လိုက်ကာ အနည်းငယ်စိတ်ပျက်သွားသည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now