အခန်း(71) ကြွား , မဟုတ်တာတွေလဲကြွား

149 21 1
                                    

အခန်း(71) ကြွား , မဟုတ်တာတွေလဲကြွား

ဒါပေမယ့် တခြားအတန်းက ကျောင်းသူတွေကတော့ ပျော်ရွင်စွာဟစ်အော်လိုက် သည်။ချန်ချူက အတန်းခုနစ်ကျောင်းသားတွေ သူ့ကို မကြိုက်ကြပေမယ့် ၊ တခြားအတန်းက ကျောင်းသား၊သူတွေ အတွင်းမှာတော့ နာမည်ကြီးသည်။ဘတ်စကတ်ဘော ဗီဒီယို ကြောင့်လဲ ကျောင်းမှာ အများကြိုက်တဲ့ဆရာထဲ ပါဝင်သည်။
အဓိကကတော့ ချန်ချူ အတန်းခုနစ်ကို အတန်းပိုင်ဆရာအဖြစ်တာဝန်ယူလိုက်ပြီး နောက် အတန်းခုနစ်ကျောင်းသားတွေ နဂိုလောက်မဆိုးတော့ ၊ ဆူညံသံလဲ နဂိုလောက် မကျယ်တော့ဘူး။

ယွမ်းဝန်လဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။ချန်ချူ အဲလောက် ကြိုဆိုခံရမယ်လို့ မထင်ထားဘူး။
ယွမ်းဝန်မပြောနဲ့ ချန်ချူကိုယ်တိုင်တောင် သူ့အဲလောက်ကျောင်းသူတွေရဲ့ ကြိုဆို ခြင်းခံရမယ်လို့မထင်ထားဘူး။

“ဒါဆို  ဒီကဆရာက ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါဦး !”
ယွမ်းဝန်က သူမ သူ့အတွက် မိတ်ဆက်စကား ဘာမှပြောစရာမလိုဘူးခန့်မှန်းကာ ချန်ချူကို ကိုယ်တိုင်ပဲ မိတ်ဆက်ခိုင်းလိုက်သည်။

ဒါမျိုးကတော့ ချန်ချူအတွက် အေးဆေးပေါ့ ၊ သူတစ်ချက်ရယ်မောက ပြောလိုက် သည်။ “ကျောင်းသူတို့ မင်္ဂလာပါ ၊ ဆရာကတော့ ရှစ်တန်းအတန်းခုနစ်ရဲ့ အတန်း ပိုင်ဆရာ ၊ နာမည် ချူ ၊ မျိုးရိုချန် , အခုမှာတော့ အားလုံးနဲ့အတူတူ အကလေ့ကျင့်မှာ ဖြစ်ပါတယ် ၊ ကျောင်းသူအားလုံးနဲ့ အတူတူအဆင်‌ပြေပြေ အက တိုက်နိုင်ပဲလို့ မျော်လင့်ပါသည်။”

ရဲတင်းတဲ့ကျောင်းသူတစ်ယောက်က ရယ်ရင်းပြောလိုက်သည်။ “ဆရာချန် ၊ သင် ဘတ်စကတ်ကစားတာ အရမ်းကို ချောတာပဲ! ကျွန်မတို့အတန်းက ကောင်လေး တော်တော်များများက ဆရာ့ကို သူ့တို့ Idol လို့တောင်သတ်မှတ်ထားတာ!”
“ငါတို့အတန်းက ကောင်လေးတွေလဲ အတူတူပဲ !”

ချန်ချူက ရယ်ပြီးပြန်ပြောလိုက်သည် “ချီးကျူးလွန်းပြီ”
ကျောင်းသူတွေက မေးခွန်းအဆက်မပြတ်မေးနေကာ ချန်ချူမနိုင်တော့ဘူး ၊ အကူအညီတောင်းတဲ့အနေဖြင့် ယွမ်းဝန်ကို တစ်ချက်ကြည့်လိုက်သည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now