အခန်း(85) ‌ အင်း....ထင်ထားတဲ့အတိုင်းပဲ

145 12 1
                                    

အခန်း(85) ‌ အင်း….ထင်ထားတဲ့အတိုင်းပဲ

ချန်ချူစိတ်အေးအေးထားပြီးသေချာတွေးတောကြည့်လိုက်တော့ ရုတ်တရက် သဘောပေါက်သွားသည်။
ယွမ်းဝန်ပဲ……

ဒီလိုတွေးကြည့်လိုက်တော့ ယွမ်းဝန်ကသူ့ကိုကူညီလိုက်တာပဲ။အဲတာကို စွန်းဠာနမှူးတို့အထင်လွဲသွားပုံရတယ်။
ယွမ်းဝန်လဲ သူဘာဒုက္ခရောက်နေတယ်ဆိုတာသိပါလိမ့်မယ် ၊ ဒါကြောင့်သူမ ကူညီတာဖြစ်မယ်။

အဲလိုဆိုတော့ အထင်လွဲမှုက ပိုပြီးနက်ရိူင်းလာတာပေါ့။ကျန်းယွင်းလေ ပိုပြီး သူ့ကို မှန်းတော့မှာပေါ့။
ဒီကိစ္စကရှင်းပြလို့လဲမကောင်းဘူး၊ ယွမ်းဝန်ဖက်ကလဲ ဘာမှမပြောလာတော့…

ချန်ချူလဲ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။ဒီတစ်ခေါက်ပွဲအတွက်အက တိုက်လို့ပြီးသွားရင်တော့ ယွမ်းဝန်နဲ့ခပ်ခွာခွာနေရမယ်။
မဟုတ်ရင်သူတို့နှစ်ယောက်လုံးအတွက်မကောင်းဘူး၊ပိုပြီးအထင်လွဲမှုတွေ ပြင်းထန်လာနိုင်တယ်။လူတွေသိကုန်လို့ရှိရင် ပိုပြီး နှစ်ယောက်လုံးအနားပါးနာ မသက်မသာတွေဖြစ်လာနိုင်တယ်။

ချန်ချူထင်တဲ့အတိုင်းပဲ ယွမ်းဝန်ရဲ့အဖေသူ့ကို ကာကွယ်ပေးတဲ့ကိစ္စကို ကျန်းယွင်းလေ အချိန်တိုအတွင်းသိသွားတော့သည်။မျက်နှာက ပျက်တာမှ လုံးဝကိုကြည့်လို့မကောင်းအောင်ဆူပုတ်နေတာ။
ချန်ချူကို ဒုက္ခပေးတာမအောင်မြင်တဲ့အပြင် ယွမ်းဝန် ကချန်ချူကို ကာကွယ် ပေးနေတယ်ဆိုတော့….ယွမ်ဝန် ချန်ချူအပေါ်ခံစားချက်မရှိဘူးဆိုတာ ကျန်းယွင်းလေ မယုံကြည်နိုင်တော့ဘူး။

“ကျန်းကော(အစ်ကိုကျန်း-ကျန်းယွင်းလေ), ယွမ်းဝန်မိန်းကလေးက တကယ့်ကို အကောင်းအဆိုးမကွဲပြားဘူးပဲ”
“ဟုတ်ပါ့! အစ်ကိုနဲ့သူမနဲ့မှလိုက်ဖက်တာကို သူမဘယ်လိုလို့ ချန်ချူလို အကောင်မျိုး သဘောကြရတာလဲ?”

ဒီအချိန်မှာ ကျန်းယွင်းလေဘေးကအဖော်တွေက သူ့အတွက်မကျေမနပ်ဖြစ်နေ သည်။ကျန်းယွင်းလေလဲ နားထောင်လေဒေါသထွက်လေပဲ။
ချန်ချူကိုဆဲတဲ့စကားလုံးတွေကပိုပြီးပြင်းထန်လာတယ်၊ အဲဒါကသူကိုလဲ ဆဲနေ သလိုပဲ မဟုတ်လား! ?

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now