အခန်း(115) ‌ ငါနားလည်တယ်

121 9 0
                                    

အခန်း(115) ‌ ငါနားလည်တယ်

သရဲအိမ်ထဲမှာ ရုတ်တရက်အော်ဟစ်သံတွေထက်ပေါ်လာတယ်။ဝန်ထမ်းတွေက တစ်ချက်ကြည့်လိုက်တော့ သရဲဝတ်စုံဝတ်ထားတဲ့ သရုပ်ဆောင်တစ်ယောက် တံခါး ကနေထွက်လာကာ ကြမ်းပြင်ပေါ်လှဲပြီး အသက်ပြင်းပြင်းရူနေရတယ်။
“မဟုတ်သေးပါဘူး ၊ မင်းဘာလို့ထွက်လာတာလဲ!?”

တာဝန်ခံက ဒါကမြင်တော့ မျက်လုံးပြူးသွားပြီး  အမြန်မေးလိုက်သည်။
“ဟူး….ဟူး….”
တစ်ဖက်ကတော့ အသက်ပြင်းပြင်းရူနေပြီး အသံမထွက်ဖြစ်နေသည်။

တာဝန်ခံက တစ်ချက်ကြည့်လိုက်တော့ သူ့ရဲ့မိတ်ကပ်တွေတောင်ပျက်ဆီးနေပြီ ၊ သူ့ရဲ့နူတ်ခမ်းက ဖြူနေတယ် ၊ တခြားသူတစ်ယောက်က သူ့ကို ရေးတစ်ခွက်ခပ်လာ ပေးတယ်ကာ ပြောလိုက်တယ် “မလောဘူး ၊ မလောနဲ့ ၊ရေအရင်သောက်လိုက်ဦး!”
သရဲလိုသရုပ်ဆောင်သူက ရေသောက်လိုက်ပြီးမှ အနည်းငယ်သက်သာလာတယ်။

“ဘုရားရေ ငါ ကြောက်လန့်ပြီးသေတော့မလို့!”
တာဝန်ခံနဲ့ တခြားဝန်ထမ်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ကြသည်။

“အမ်!?”
တာဝန်ခံနားမလည်လို့မေးလိုက်သည် “မင်း ဘာဖြစ်တာလဲ?”
သရဲသရုပ်ဆောင်သူက စိတ်ထဲမှာအနည်းငယ်ကြောက်နေတုန်းပဲ အသံတုန်တုန် ဖြင့် “ကျွန်တော် ဆရာဝန်ရုံးခန်းမှာ စောင့်နေတုန်း ၊ လက်တစ်ဖက်က ကျွန်တော့်ခြေ ထောက်ကို လှမ်းဆွဲတာ ၊ ပြီးတော့ စားပွဲလုပ်သံလဲကြားလိုက်ရတယ် ၊ ကြောက်စရာ အကောင်းဆုံးကတော့ ဂက် ဂက်! လို့ မြည်နေတဲ့ အရိုးအသံပဲ ၊ ဘုရားရေ အခုပြောရင်း တောင် ကြက်သီးတွေထလာပြီ!”

တာဝန်ခံက ဒါကိုကြားတော့ စကားပြောစက်ကတဆင့် “ပစ္စည်းကိရိယာ တာဝန်ယူ အဖွဲ့က လာခဲ့ဦး!”
ပစ္စည်းကိရိယာတာဝန်ယူသူအဖွဲ့မှ ဝန်ထမ်းတစ်ယောက်က အမြန်ဆုံးပဲ ရောက်လာသည်။တာဝန်ခံက သူ့ကို သရဲအိမ်ထဲမှာ တစ်ခုခုထည့်လိုက်သေးလား မေးလိုက်သည်။

“ဘာမှမထည့်ပါဘူး! နဂိုထည့်နေကြပစ္စည်းတွေပဲလေ!”
တခြားဝန်ထမ်းတစ်ယောက် “နေရာထားမှားတာများလား?”
အားလုံးက ဘယ်လိုဖြစ်တာလဲ ဆိုတာ အဖြေရှားနေစဉ် တာဝန်ခံရဲ့ စကားပြော စက်က အသံမည်လာသည် “ဝေ့ ဝေ့” ( ဝေ့ဆိုတာ စကားမပြောခင် နူတ်ဆက်တဲ့ hello လိုမျိုးစကားပါပဲ ၊ တရုတ်ပြည်မှာ အသုံးများတဲ့စကားပါ)

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now