အခန်း(122) ဖြည့်ဆည်းကူညီခြင်း

95 13 0
                                    

အခန်း(122) ဖြည့်ဆည်းကူညီခြင်း

ဒီနေ့မနက် ချန်ချူအမှတ်သုံးဆေးရုံးကိုသွားလိုက်သည်။ချန်ချူ အခုတော့ အား ကစားရုံမှာကလေးတွေကို ပိတ်ရက်တိုင်းဘောလုံးကိုယ်တိုင်လေ့ကျင့်ပေးစရာမလို တော့ဘူး။
အရင်က သူတို့ကို အဆင့်ဆင့်လေ့ကျင့်ရေးအစီအစဉ်တွေဆွဲပြီးပေးထားပြီးသွား ပြီ၊ ကျိုးဖုန်းကို ဦးဆောင်ခိုင်းပြီး သူတို့ဘာသာသူတို့လေ့ကျင့်ကြသည်၊ အချိန်ရရင် သူ သွားစစ်ဆေးကြည့်ရုံပဲ။

ဆေးရုံကိုရောက်တာနဲ့ လျိုရိစန်ကိုယ်တိုင် သူ့ကို တံခါးဝအထိလာကြိုတယ်၊ ပြီးတော့ သူနောက်မှာလဲ ဆရာဝန်တော်တော်များများပါလာတယ်၊အားလုံးအပြန်အလှန် နူတ်ဆက်ကြပြီးနောက် လျိုရိစန်က ဒီဆေးရုံရဲ ဆေးရုံအုပ်မှန်းသူသိလိုက်ရသည်။အမှန် တော့ အနားယူခါနီးပြီ ဒါပေမယ့် သူကအလုပ်အားနေတာမကြိုက်တဲ့သူမျိုးဆိုတော့ တစ်နေကုန်နီးပါ ဆေးရုံထဲမှာ လူနာလျောက်ကြည့်နေလေ့ရှိသည်။

လျိုရိစန်က ချန်ချူကို  အစည်းဝေးခန်းထဲဦးဆောင်ခေါ်သွားကာ တစ်ဖက်ကပြော လိုက်သည် “ဆရာရှောင်ချန်၊ ကျွန်တော်တို့ဆေးရုံးမှာ အသစ်ရောက်လာတဲ့ ဆရာဝန် လေးတွေက အတွေ့အကြုံမရှိကြသေးတော့ ခင်ဗျာသင်ပြပေးရင် သေချာလေးပြောမှ၊ အထူးသဖြင့် အသက်ကယ်နည်းတွေပေါ့ ၊ သေချာလေးသင်ပေးပါဦး…”
“ကောင်းပါပြီဗျာ, လျိုလောင် စိတ်ချ , ကျွန်တော်တက်စွမ်းသလောက်ပြောပြ ပေးပါ့မယ်…..”ချန်ချူက အမြန်ပဲပြန်ဖြေလိုက်သည်။
(ဟွေ့ဟွေ့ : ‘လောင်’ ကတော့ လေးစားသမှုဖြင့် ခေါ်ခြင်းဖြစ်သည်၊ ပုံမှန်ဆိုရင် တဖက်သူရဲ့မျိုးရိုးနောက်မှာ လောင်ထည့်လိုက် တာပါပဲ၊ လျိုရိစန်ရဲ့မျိုးရိုးနာမည်က လျိုဖြစ်တဲ့အတွက် ၊ လျိုလောင်ဖြစ်သွားတာပါ)

“အော် ဒါနဲ့ ဆရာရှောင်ချန်ကို မေးရဦးမယ်”လျိုလောင် မေးလိုက်သည် “မင်းတို့ ကျောင်းမှာ ချန်ချူလို့ခေါ်တဲ့ ဆရာတစ်ယောက်များရှိသလား?”
ချန်ချူကြောင်သွားပြီး “လျိုလောင်…ကျွန်တော်နာမည်ကချန်ချူ….”

အရင်တစ်ခါက တွေ့တုန်းက ချန်ချူက သူ့မျိုးရိုးပဲပြောဖြစ်လိုက်ပြီး နာမည်အပြည့် အစုံမပြောဖြစ်လိုက်တော့ ၊ လျိုရိစန်က သူ့ကို ဆရာရှောင်ချန်လို့ပဲ ခေါ်နေတာ။
(ဟွေ့ ဟွေ့ : ‘ရှောင်’ဆိုတာတဲ့ ငယ်ရွယ်ခြင်း၊သေးငယ်ခြင်းကိုဆိုလိုတာပါ ၊ အများစု ကိုယ့်ထက် ငယ်တဲ့သူဆိုရင်ရှေ့မှာ ‘ရှောင်’တက်ပြီးခေါ်လေ့ရှိပါသည်။)

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now