အခန်း (9)ခွေးကံကောင်းပဲ

235 29 0
                                    

အခန်း(၉) ခွေးကံကောင်းပဲ
    
        နောက်ဆုံးတော့ ကိုယ်ပိုင်စာလေ့လာချိန်ပြီးလို့ ကျောင်းဆင်းသွားကာ ဆရာတွေ လဲရုံးဆင်းပြီ။တစ်ညနေလုံး ရုံးခန်းမှာအလုပ်ထိုင်နေလို့ နာကျင်တာအနည်းငယ် သက်သာ ပေမဲ့ နာတာကတော့ အလွန်နာကျင်နေတုန်းပဲ။
       နောက်ဆုံး ဘယ်သူမှမရှိတဲ့အချိန်မှာ ကျောက်ရိကျိုးကို တွဲခိုင်းကာ စက်ဘီး နောက်လိုက်စီးပြီးကာ အဆောင်ပြန်ရောက်လာခဲ့သည်။

      ချန်ချူရဲ့ဖြစ်နေတဲ့ပုံစံကို ကြည့်ပြီး ကျောက်ရိကျိုး ရယ်ပြုံးပြုံးနဲ့ ပြောလိုက်သည်။ “မင်းက ဘောလုံးပုတ်တာလား ဘောလုံးကမင်းကိုပုတ်လိုက်တာလား ?”
      ချန်ချူလဲမဲ့ပြုံးပြုံးပြီး “မင်းရဲ့ နှိပ်တဲ့စက်ကလေးငှားဦး ငါခန္ဓာကိုယ်ကို နှိပ်ချင်လို့”

     နောက်တော့ ချန်ချူ ခြေထောက်ရေစိမ် ရေနွေးနဲ့ ရေချိုးပြီးနောက် တော်တော်လေး ကောင်းလာသည်။
ကိုယ်တိုင်လေ့လာအချိန်မှာ စာသင်မှတ်ဘယ်လောက်မှမရဘူး။ဒါပေမဲ့ သင်ကြားရေး ကောင်လေးက စာသင်ခန်းမှာ 24နာရီ ရှိနေတာဆိုတော့ အချိန်မရွေးကျောင်းသားတစ် ယောက်ကိုရွှေးပြီး စာကိုစိတ်အားထက်သန်တဲ့အနေအထားဖြစ်စေသည်။

  ဒါကြောင့် ချန်ချူစာသင်မှတ်လုံးဝမရတာတော့မဟုတ်ဘူး၊အနည်းငယ်တော့ ရပါတယ်။တစ်ချက်စစ်လိုက်တော့ စာသင်မှတ် 470 ရှိနေတယ်။တစ်နေ့လုံးနာကျင် ကိုက်ခဲရတာတွေ တန်တယ်လို့ ပြောရမယ်။

   စစ်စတန်ကို သူပိုင်တဲ့စွမ်းရည်နှစ်ခုဘယ်လို အဆင့်မြင့်အောင်လုပ်ရမလဲ မေးလိုက်သည်။
   “ဆရာမျက်လုံး နဲ့ ဆရာအာဏာ စွမ်းအားကို အဆင့်မြင့်ဖို့ ဘာတွေလိုအပ် သလဲ?”
    “ဆရာမျက်လုံးကတော့ စာသင်မှတ် 100000 လိုအပ်ပြီး ဆရာအာဏာကတော့ စာသင်မှတ် 200000 လိုအပ်ပါတယ်”

    “တာတာ့ နှောက်ရှက်မိပြီ !”
    ဂဏန်း6လုံးစာ ချန်ချူမဖြစ်မနေနောက်ဆုတ်ရပြီ၊ မဲပဲနိူက်မယ်ကွာ ၊အခေါက် 50 နီးပါးနိူက်ရင်တော့ ကောင်းတာလေးတွေ ပေါက်မှာပါ။

[လည်ပတ်နေသည် (မဲနိူက်နေသည်)…………..ကျေးဇူးတင်ပါသည်]
[လည်ပတ်နေသည် (မဲနိူက်နေသည်)…………..ကျေးဇူးတင်ပါသည်]
…………………
[လည်ပတ်နေသည် (မဲနိူက်နေသည်)………….. ပုံစံကမ္ဘာလုံးတစ်လုံးရရှိသည်]
……………….
[လည်ပတ်နေသည် (မဲနိူက်နေသည်)………….. ပုံစံကမ္ဘာလုံးတစ်လုံးရရှိသည်]
……………….
[လည်ပတ်နေသည် (မဲနိူက်နေသည်)………….. ပုံစံကမ္ဘာလုံးတစ်လုံးရရှိသည်]
…………..
?

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now