အခန်း(78) ‌ ဒီကောင်လေး ဦးနှောက်သိပ်မမှန်သလိုပဲ မဟုတ်လား?

145 14 0
                                    

အခန်း(78) ‌ ဒီကောင်လေး ဦးနှောက်သိပ်မမှန်သလိုပဲ မဟုတ်လား?

တွေးတောဆုံးဖြတ်လိုက်ပြီးနောက် ချန်ချူ သတိတကြီးနဲ့ မြစ်ဝါမြစ်ခဲတံကို ခေါ် လိုက်သည်။
“ညီလေး ဘာကိစ္စရှိလို့လဲ ?”

ပီရဲ ကြည့်ရတာ စိတ်အခြေအနေမဆိုးဘူး။
“ပီရဲ ရဲ့ စွမ်းရည်က ဘာများလဲ မသိဘူးခင်ဗျ ?”

မြစ်ဝါမြစ်ခဲတံက  ပြန်ဖြေလိုက်သည်။ “လူရိုက်တာလေ!”
အာ….ဒါ…..

သင် ခဲတံတစ်ချောင်းက ခဲတံလုပ်သင့်တဲ့အလုပ်ကို လုပ်ပါလား ?
ချန်ချူလဲ အပြစ်အပြောရဲဘူး၊ ဆက်ပြီးမေးလိုက်သည်။ “လူရိုက်တာကလွဲလို့ စာရေးတာတို့ ၊ ပုံဆွဲတာတို့…..”

“အဲတာက ဘာတွေလဲ?” မြစ်ဝါမြစ်ခဲတံက ပြောလိုက်သည်။ “လူရိုက်တာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ , ဘယ်သူကို မကျေနပ်လဲ  , ရိုက်လိုက်ရင် ပြီးပြီလေ !”
အဲတော့ ချန်ချူလဲ ဘာပြောရမှန်းမသိတော့ဘူး။ ဒီတော့  မြစ်ဝါမြစ်ခဲတံက တိုက်ခိုက်ရေး လက်နက်ပေါ့?

မဟုတ်သေးပါဘူး။ သေချာပေါက် တခြားစွမ်းရည်ရှိဦးမယ်၊ ဒါပေမယ့် လောလော ဆယ်မြစ်ဝါမြစ်ခဲတံနဲ့ အဲလောက်မရင်းနှီးသေးတော့ အကူညီရဦးမှာလဲ မဟုတ်ဘူး။
“ပီရဲ , ဘာကိစ္စမှမရှိတော့ဘူး , သင်အနားယူလို့ရပြီ!”

မြစ်ဝါမြစ်ခဲတံလဲ အသံမထွက်တော့ဘူး။ချန်ချူ ပုခုံးနှစ်ဖက်တွန့်လိုက်သည်။အများကြီးမတွေးတော့ဘူး။ ပြီးနောက်သူ အတန်းခုနစ်ကို စာသင်ဖို့သွားလိုက်သည်။
ညနေဖက် သူသင်ရမှာက ပထဝီ၊ ချန်ချူ စာသင်တာနေတုန်းခဏပဲ ရှိသေးတယ် ပီရဲ အသံထွက်ပေါ်လာည်။ “နင့်အမေ… ဒီကောင်တွေက ဘာကောင်တွေလဲ ? ကြည့်ရတာ တစ်ကောင်မှ ထောင့်မကျိုးဘူး ၊ အရိုက်ခံချင်ပြီထင်တယ်?”

အတွေးခြင်းဖလှယ်တာဖြစ်တဲ့အတွက် ချန်ချူ သေချာပေါက်ကြားလိုက်တာပေါ့။ တော်သေးတာက ချန်ချူ ဗျာများခြင်းမရှိပဲ အတန်းခုနစ်က ကျောင်း သားတွေကို မေးကို အနည်းငယ်စဉ်းစားဖို့ပေးလိုက်ပြီးမှ အမြန်ဆုံး မေးလိုက်သည် “ပီရဲ , ဘာဖြစ်လို့လဲ ?”
“ဒီခွေးသူတောင်းစားတွေအဖွဲ့ကို ကြည့်နေရတာနဲ့ကို ဒေါသတွေထွက်နေပြီ !”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now