အခန်း(61) မနိုင်တော့လဲ တစ်ဖက်အသင်းထဲဝင်ရတာပေါ့

162 21 0
                                    

အခန်း(61) မနိုင်တော့လဲ တစ်ဖက်အသင်းထဲဝင်ရတာပေါ့

ဟယ်ချောင်း သူဘယ်ဖက်ကလူမှန်းကို မသိတော့ဘူး။
ဖြေရှင်းတော့လဲ ဘယ်သူမှမယုံဘူး ၊ မဖြေရှင်းပါက သူနဲ့ ချန်ချူတို့ နှစ်ယောက် တစ်ခုခုကြံစည်နေသလိုပဲ။

သူဘ၀ ဒီအရွယ်အထိ ပထမဆုံးအချိန် သူ့ ဉာဏ်ရည်မမီဘူးလို့ ခံစားနေရတယ်။
  စိတ်တိုတယ် ၊ တော်တော်စိတ်တိုတယ် !

  တကယ်ပဲ သူမှန်းထားတဲ့အတိုင်းပဲ ဒုတိယနေ့ကျောင်းကို ရောက်တော့ ဟယ်ချောင်း သူအပယ်ခံရပြီ ဆိုတာ သိသာနေတော့တာပဲ။
  နဂိုက သူနဲ့ အသံအဖွဲ့က ကျွမ်းရိုတို့အဖွဲ့နဲ့  သိပ်မဆိုးတဲ့ ဆက်ဆံမှုရှိတယ်။ ဒီနေ့ တို့ ကျွမ်းရိုတို့အဖွဲ့ သူ့ကို လုံးဝဂရုမစိုက်ဘူး။ အရင်ကဆိုရင် အတန်းထဲမှာ ဟယ်ချောင်း နဲ့ တခါတစ်ရံစကားပြောဖြစ်ကြသေးတယ် ၊ အခုတော့ လုံးဝကို စကားမပြောတော့တာ။

  သူနဲ့ ရင်းနီးတဲ့ ကျွမ်းရိုတို့အဖွဲ့တောင် စကားမပြောတော့တာ ၊ကျန်တဲ့သူဆိုရင် တော့ ပြောစရာကို မလိုတော့ဘူး။ သူနဲ့ အတူ တူရိယာ အဖွဲ့က သူတွေတောင် သူနဲ့ စကားမပြောတော့ဘူး။
  သူနဲ့ပတ်သက်ရင် သူတို့ပါခံရမှာဆိုးလို့ တခါတည်းအဆက်ဖြတ်လိုက်တာ ဟယ်ချောင်းသိတာပေါ့။

  ငါရိ , လူအချင်းချင်း ယုံကြည်ချက်လေးတောင်မရှိကြဘူးလား?
  အရင်က ညီကိုလိုခင်ကြတဲ့ သူတွေ ၊ အခုတော့ တစ်ယောက်မကျန် သူ့ကို ခွဲခွာ သွားကြတယ်ပေါ့!?

  ဟယ်ချောင်း အနည်းငယ် ပျာယာခတ်သွားသည်။ ဒီလို အများပစ်ထားတာ အစပဲ ရှိသေးတယ်ဆိုတာ ဟယ်ချောင်သိတယ် ။နောက်ဆိုရင် အနိုင်ကျင့်တာတွေပါ လာတော့ မှာ ၊ အဲတာဆိုရင် သူ့ဘ၀ ဘယ်လိုရှေ့ဆက်မလဲ !?
  ကျိုးဖုန်းတို့က ကျန်တဲ့သူတွေ ရန်စပေမယ့် သူတို့က လူဆယ်ယောက်ရှိတဲ့ အဖွဲ့ တစ်ဖွဲ့ ၊ ပြီးတော့ ကာယကျောင်းသားတွေဆိုတော့ ဗလကောင်းနဲ့ ၊ တခြားသူတွေ အနည်းငယ်လောက်ပဲ ရန်ရှာရဲတာ ၊ အလွန်အကြူးမလုပ်ရဲဘူး။

  တကယ်တမ်းချကြရင် ကျိုးဖုန်းတို့ အဖွဲ့ကို နိုင်မယ့်သူ သိပ်မရှိဘူးလေ။
  ပြဿနာက သူကတစ်ယောက်တည်း ၊ အင်အားနည်းလွန်းတယ်!

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now