အခန်း(81) အကြောတင်း

140 16 1
                                    

အခန်း(81)  အကြောတင်း

  ချန်ချူ နဲ့ လျိုရိစန် ဆီမှာ ကျန်းမာရေးစစ်ဆေးချက်ကို ယူကာ ၊ ဆရာဝန်ညွှန်ကြားတာ နားထောင်ပြီးနောက် ချန်ချူ ယွဲ့ယင်းတို့နှင့်အတူ အဖွားဝမ်းကို အိမ်ပြန်ပို့ပေးလိုက်သည်။အဖွားဝမ်းအိမ်အနားက အိမ်နီးချင်းတွေက အဖွားဝမ်းအခြေအနေကို လာမေး ကြသည်။
  ချန်ချူ လဲ အကြာကြီးမနေပဲ အဖွားဝမ်း ပြဿနာမရှိတော့တာ ကြိမ်းသေတာနဲ့ နူတ်ဆက်ထွက်ခွာသွားတော့သည်။

  ယွဲ့ယင်းက ချန်ချူကထွက်ခွားသွားတာကို ကြည့်ပြီး အတွေးထဲနှစ်မျောနေသည်။

  နောက်တစ်နေ့ ယွဲ့ယင်း အလုပ်ကဆင်းတော့ ဝမ်းအိမ်ကိုဖြတ်သွားသည်။အဲဒီအ ချိန်မှာ အဖွားဝမ်းက ထမင်းစားပြီးနောက် ခြံဝန်းထဲမှာ လမ်းလျောက်နေသည်။
  “အဖွား!” 

  ယွဲ့ယင်းတစ်ချက်ခေါ်လိုက်သည်။အဖွားဝမ်းက ယွဲ့ယင်းအသံကြားတော့ ရယ်ကာ “သမီးလေ မနေ့က တကယ်ကိုကျေးဇူးတင်ပါတယ်!”
  “အဖွား , မနေ့က သမီး အများကြီးအကူအညီမပေးနိုင်ဘူး ၊ အားလုံးဆရာချန် လုပ်သွားတာ”

  ဆရာဝန်တောင်မှာ ချန်ချူ အသက်ကယ်နည်းက အရမ်းကျွမ်းကျင်တယ် ပြောသွား သေးတယ်။နောက်ထပ်အချိန်အနည်းငယ်အကြာမှာ အဖွားဝမ်းကို ပို့လာရင် သွေးပေါ်ချိန်တောင် ပြန်ငြိမ်နေလောက်ပြီ။
  “ဟုတ်တယ် , ဆရာချန်ကို ကျေးဇူးတင်ရမယ်”

  ယွဲ့ယင်း ပတ်လည်ကြည့်ပြီး ဝမ်းလဲ့ပန်းကို မတွေ့တော့ မေးလိုက်သည်။ “အဖွား , လဲ့ပန်းကော?”
  ဝမ်းလဲ့ပန်းနာမည်ကြားလိုက်တာနဲ့ အဖွားဝမ်းရဲ့ မျက်နှာက မကောင်းတော့ဘူး “ဧည့်ခန်းမှာ ကီထိုင်နေတယ်! ဒီကောင်လေးကို ဆုံးမသင့်တာကြာပြီ!”
(ဟွေ့ဟွေ့ : ကီထိုင်တယ်ဆိုတာ ခြေထောက်နှစ်ဖက်ကွေးကာ လက်ကို ခါးပေါ်မှာ တင်ပြီးနေခြင်းဖြစ်ပါတယ်၊ သိုင်းပညာတွေရဲ့ အခြေခံအားလုံးနည်းပါးဟာ ကီထိုင်တာ ကနေစတာပါ)

  ယွဲ့ယင်းတစ်ချက် ခြောက်ကပ်ကပ်ရယ်လိုက်ပြီး ဧည့်ခန်းထဲမှာ ကီထိုင်နေတဲ့ ဝမ်းလဲ့ပန်းကို တစ်ချက် ချောင်းကြည့်လိုက်သည်။တကယ်ပဲ ဝမ်းလဲ့ပန်းကီထိုင်နေတာကို တွေ့လိုက်ရသည်။သူ့ခေါင်းပေါ်မှာလဲ ရေခွက်တစ်ခွက်တင်ထားတယ်။ယွဲ့ယင်း သူ့ကို ကြည့်တာတွေ့တော့ မျက်နှာနီပြီး မျက်လုံးမှိတ်ကာ မမြင်ချင်ယောင်ဆောင် နေလိုက်သည်။
  ဒီအချိန်မှာတော့ ကြည့်ရတာ ပုံမှန်ပြန်ဖြစ်သွားသလိုပဲ။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now