အခန်း(103) ‌ ရလဒ်

121 14 0
                                    

အခန်း(103) ‌ ရလဒ်

ချန်ချူအိမ်ထဲမှာရှိတဲ့ စာအုပ်အားလုံးကို အချိုပွဲအဖြစ်ပြောင်းလဲလိုက်တယ်။ စစ်စတန်ရဲ့စင်ပေါ်မှာ လုံးဝအပြည့်ပဲ။ရလဒ်ကလဲမဆိုးဘူး ၊ စာသင်မှတ် ခြောက်သိန်း ကျော်လောက်ရလိုက်တယ်။
ဒီတစ်ခေါက်တော့ချန်ချူမြတ်တာအပြည့်ပဲ ၊ စာသင်မှတ်များစွာကိုတပြိုင်တည်း ရရှိတဲ့ နည်းလမ်းကိုရလိုက်လို့ ချန်ချူအရမ်းကိုကျေနပ်နေတယ်။

အဲတာအပြင် အခုတလော ခဏခဏကော်ပီစွမ်းရည်ကိုသုံးရလို့ သူ့ရဲ့ကိုယ်ခန္ဓာ တစ်ခုလုံးအဖက်ဖက်ကတိုးတက်လာကာ အခုဆိုရင် ကော်ပီစွမ်းရည်မသုံးပဲနဲ့တောင် အဆင့်နိမ့်ရှင်းမော်တစ်ကောင်ကိုရင်ဆိုင်တိုက်ခိုက်နိုင်ပြီ။
ကြည့်ရတာ နောက်ဆိုခဏခဏ လီလောကကို လာမှထင်တယ်၊ဒါပေမယ့် လော လောဆယ်တော့ ချန်ချူကြာကြာနေလို့မရတော့ဘူး။

နောက်တစ်ခေါက်လာရင်တော့ ဒီတစ်ခေါက်အခြေအနေလို ပုံပျက်ပန်းပျက်မဖြစ် ဘူးလို့ထင်ရတာပဲ။
ချန်ချူ နောက်တစ်ခေါက်ကျောင်းကိုပြန်ရောက်လာသည်။

လီကျွင်းရဲ့ယပ်တောင်က တကယ့်လောကကိုယူဆောင်သွားလို့မရဘူး၊ စစ်စတန် ထဲထည့်ထားလို့လဲမရဘူး (စစ်စတန်ထုတ်ပစ္စည်းမဟုတ်လို့)၊ ဒီတော့ နေရာတစ်ခုရှာ ပြီးထားမှပဲဖြစ်မှာ။
သေချာစဉ်းစားပြီးနောက် ချန်ချူယပ်တောင်ကို သူ့အဆောင်မှာထားဖို့ ဆုံးဖြတ် လိုက်သည်။

ကိစ္စအားလုံးပြီးသွားပြီးနောက် ချန်ချူက မြစ်ဝါမြစ်ခဲတံကို စွမ်းအားသုံးခိုင်းလိုက် သည်။သူ့ကိုယ်တစ်ချက်လေးသွားပြီး နားထဲမှာ ဆရာတွေရဲ့စကားပြောနေတဲ့ သံကိုကြားလိုက်ရသည်။
ချန်ချူသူ့ခေါင်းကိုတစ်ချက်ယမ်းလိုက်ပြီး သူတစ်ကိုယ်လုံး လက်ရှိလောကထဲ ပြန်ရောက်သွားပြီဆိုတာသိလိုက်သည်။ပြီးတော့ ချန်ချူ အတန်းခုနစ်ဆီကိုသွားလိုက်ပြီး ဆရာမျက်လုံးကိုအသုံးပြုကာ ဝမ်းလဲ့ပန်းရဲ့အခြေအနေကိုစစ်လိုက်သည်။

နာမည်      : ဝမ်းလဲ့ပန်း
Gender      : ယောက်ျားလေး
အသက်      : 15
အကျင့်စာရိတ္တ    : 97 ( ရှင်းမော် 94ရက် အကြာမှာပြန်လည်ဖြစ်ပေါ်)
ဉာဏ်စွမ်း      :57
ခွန်အား      :6ဝ
အလှအမြင်      :52
အခြေအနေ    : စာလုပ်တာကိုမုန်းသည် (ဖယ်ရှားလို့ရ) ၊ အသုံးပြုရန်လို အပ်သောစွမ်းရည် [ဆရာသန့်စင်စွမ်းရည်]
မှုလကျင့်ဆိုး      : ……….များလို့မတွက်ချက်ပါ   
    မှုလအရည်အချင်း    : မရှိ
   သင်ယူမှုအနေအထား    : 113%
  အလားအလာ      :144
   စုစုပေါင်းတွက်ချက်မှု    : F

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now