အခန်း(52) တည့်တည့်မှ တည့်တည့်ပဲ !

135 17 1
                                    

အခန်း(52) တည့်တည့်မှ တည့်တည့်ပဲ !

အဲဒီအချိန်မှာ စစ်စတန်ဆီက အသံထွက်လာသည်။
“သဲလွန်စလေးခုရှာတွေ့ပြီး ၊မျော်စင်ဇာတ်လမ်းရဲ့ ဒုတိယပိုင်းမှာ အသက်ရှင်နေ နေသေးတဲ့အတွက် host ကို ဂုဏ်ပြုပါတယ် ၊ လက်ရှိရလဒ် အဆင့် S  ၊ အခု host ရွေးရမှာက ဇာတ်လမ်းထဲက ထွက်မှာလား? ဇာတ်လမ်းထဲမှာနေပြီး ပိုပြီးတိကျတဲ့ အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်မှာလား ၊ ဇာတ်လမ်းထဲမှာ သေဆုံးခဲ့လို့ရှိရင် ဆုလဒ်ဆောင်မရပါ !”

ချန်ချူ မျက်မှောင်ကျုံ့လိုက်သည်။အဖြစ်မှန်နဲ့ နီးလာသမျှ သူပိုပြီး နှလုံးအေးစက် လာတယ်လို့ ခံစားနေရတယ်။
လောလောဆယ် အရဆိုရင် ပြဿနာအစနဲ့ အချို့အပိုင်းတွေကို သိနေပြီ။ ဒါပေမဲ့ အတန်းခုနစ် တစ်တန်းလုံးခုန်ချရဲ့ အကြောင်းအရင်းကို ရှာမတွေ့သေးဘူး။

အဓိက ဇာတ်ကောင်တွေက ထျန်ရှောင်း၊လီရှီး ၊ကျီချောင်း တို့ သုံးယောက်။ ထျန်ရှောင်းကတော့ သေဆုံးသွားခဲ့ပြီ၊ လီရှီးနဲ့ ကျီချောင်းကတော့ သေလားရှင်လား မသိရသေးဘူး။ လီရှီးနဲ့ ကျီချောင်းက အတန်းခုနှစ် တစ်တန်းလုံးခုန်ချတာနဲ့ ဘယ်လို သက်ဆိုင်လဲဆိုတာ မသိရသေးဘူး။
ထွက်ရင်ကောင်းမလား? ဆက်ရင်ကောင်းမလား?

ချန်ချူလဲ အများကြီးတွေးမနေတော့ဘူး။ဒီအထိရောက်လာမှာတော့ အဖြစ်မှန်ကို ပဲ ရှာချင်တော့တယ်။
အပြင်လောကမှာလဲ ဒီလိုတွေဖြစ်မလားဆိုတာ ပြောမရဘူး။သူကိုယ်တိုင် အသက် နဲ့ တခြားအပြစ်မဲ့သူပေါင်းများစွာရဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စလေ။ဘယ်လောက်ပဲ ခက်ခဲပါစေ ကြိုးစားကြည့်ရမှာပဲ။
“ဆက်လက်ပြီးရှာဖွေမယ်!”

“ဇာတ်လမ်းရဲ့ တတိယပိုင်းသို့ဝင်ရောက်လာပါပြီ ၊သတိပေးချက် : ကျောင်းမှာ ရှိနေတဲ့ သရဲ တစေ အားလုံး တိုက်ခိုက်ရန်မူပါတော့မယ် ၊ သင်ဆက်ပြီးအဖြစ်မှန်ကို ရှာဖွေခြင်းအား အတက်နိုင်ဆုံးနှောက်ယှက်ပါတော့မယ်”

“ကျောင်းစူပါမားကတ်ဖွင့်ပါပြီ၊ စာသင်မှတ်ကိုသုံးပြီး လိုအပ်တဲ့ပစ္စည်းဝယ်ယူလို့ ရပါတယ် ၊ သင်ကို ကူညီပြီး အသက်ရှင်နိုင်အောင်လို့”
စစ်စတန်ရဲ့ သတိပေးချက်ရောက်ပြီးပြီးချင်း ရုံးခန်းအပြင်ဘက်က စူးရှတဲ့ အော်သံကြီးတွေကို ကြားရပါပြီ။ ချန်ချူရှိနေတဲ့ အခန်းပတ်လည်ရဲ့နံရံတွေပေါ်မှာလဲ သွေးနဲ့ စကားလုံးဖြစ်ပေါ်လာသည် ‘သေ’

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now