အခန်း(116) ‌ အားကစားအစီအစဉ်

120 12 0
                                    

အခန်း(116) ‌ အားကစားအစီအစဉ်

ဖူဟယ်ဆေးရုံး , သုံးလွှာ
နှစ်လွှာမှာ သော့ကဒ်ရှာတွေ့သွားပြီးနောက် ချန်ချူက သုံးလွှာသို့သွားတဲ့ တံခါးကို ဖွင့်ကာ သုံးလွှာ၌အေးအေးဆေးဆေးလျောက်သွားနေသည်။

“တခြားလူတွေ ဘယ်ရောက်သွားတာလဲ ၊ အပုန်းကောင်းကြသား”
လမ်းတစ်လျောက်ရှိဘယ်ညာအခန်းတွေကို ရှာပြီးပြီ ဒါပေမယ့် လူတစ်ယောက်မှ မတွေ့ဘူး။

ချန်ချူ မြေပုံကို တစ်ချက်ကြည့်လိုက်တော့ လမ်းကြောင်းက တစ်လွှာကနေ ခြောက် လွှာအထိ နောက်ဆုံးခြောက်လွှာကို အောင်မြင်သွားရင် ဓါတ်လှေကားစီးပြီး အောက်ပြန်ဆင်းလာလို့ရတယ်။
ကြည့်ရတာ ကျန်တဲ့သူတွေက အပေါ်လွှာတွေမှာ ပုန်းနေတာထင်တယ်။

ချန်ချူ လျင်မြန်စွာပဲ လေးလွှာတံခါးကဒ်ကို ရှာတွေ့သွားသည်။တံခါးဖွင့်ပြီးနောက် သူ လေးလွှာကို ဝင်ရောက်လာသည်။
လေးလွှာရောက်တော့ အခန်းဖွဲ့စည်းပုံက ပြောင်းလဲသွားတယ်၊ အရင်လို အခန်းအများ ကြီး မခွဲထားတော့ပဲ ၊ အခန်းမကျယ်ကြီးတစ်ခုသာရှိတယ် ၊ ပြီးတော့ အဖြူ ရောင်အခင်းခင်းထားတဲ့ ကုတင်ပေါင်းများစွာရှိနေကာ ၊ သူတို့ကြားမှာ အဖြူရောင် လိုက်ကာတွေ ကာရံထားတယ်။

ဒါကြောင့်အမြင်တွေကို ကာထားသလိုဖြစ်နေတယ်၊ပြီးတော့ ချန်ချူ မြေပြင်ပေါ်ကို သတ္တုတစ်ခုခုထိသံလိုမျိုးကိုလဲ ကြားနေရတယ်။
ဒန်!
ဒန်!
တစ်ယောက်ယောက်က လူနာကုတင်ကို သံပိုက်နဲ့ ရိုက်နေသလိုမျိုးအသံ။

“ပုံစံမျိုးစုံပါလား”
ချန်ချူပါးစပ်ဖြဲလိုက်သည်။အဲဒီအချိန်မှာ အဝေးတစ်နေရာက လက်တစ်ဖက် ထွက်လာပြီး သူ့ကိုခေါ်နေသည်။ပုံစံကတော့ ကြောက်စရာကောင်းအောင်လုပ်ထား တာပေါ့။
“ဒါဆိုရင်တော့ နင်ငါနဲ့အတူတူပျော်ပျော်ကြီးကစားပေးတာပေါ့”

ချန်ချူတစ်ချက်ဝှေ့ကြည့်လိုက်၊ မော့ကြည့်လိုက်ကာ အကြံတစ်ခုရလာသည်။ လေးမီတာအမြင့်လောက်မှာ ဘိလပ်မြေနဲ့လုပ်တဲ့ ထုပ်တန်းတစ်ခုကိုတွေ့လိုက်ရတယ်၊ အဲဒီ နေရာကို လူဝင်လို့ရတယ်။
ဒါကိုစဉ်းစားမိတော့ ချန်ချူ နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ခုန်လိုက် ကာ နံရံကိုတစ်ချက်ကန်လိုက်ပြီး ထုပ်တန်းပေါ်တည့်တည့်ရောက်သွားသည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now