အခန်း(33) သီးမခံနိုင်လဲ..... သီးခံရမှာပဲ ......
"ရပ်မနေနဲ့ လော့အင်အမြန်ဝင်လိုက်တော့ !" ဝမ်ရွီ့က သူ့ဂိမ်းအကောင့်ထဲ ဝင်ပြီး သွားပြီ ၊ စိန်ခေါ်သလိုနဲ့ ချန်ချူကို တစ်ချက်ကြည့်လိုက်သည်။
ချန်ချူ ခဏတွေဝေသွားပြီးနောက် စာသင်ခန်းတံခါးကို သွားပိတ်လိုက်တော့သည်။အများကြီးစဉ်းစားမနေတော့ဘူး။
အားလုံးရဲ့အကြည့်အောက်မှာပဲ ထိုင်ခုံမှာ ထိုင်ပြီး ဂိမ်းအကောင့်ထဲဝင်လောက် တော့သည်။ချန်ချူနောက်မှာ ကြည့်နေတဲ့ ကာယကျောင်းသားတစ်စု ကြည့်ရင်း နဖူးပေါ် လက်တင်မိလက်သည်။
ကျိုးဖုန်း ကိုယ်တိုင်လဲ အံ့သြနေသည်။ချန်ချူ အကောင့်ထဲ ဝင်လိုက်တော့ သူတို့တွေလိုက်တာက အဆင့် 5 သာရှိသေး တဲ့ ကစားသူအသစ်ကလေး ၊ skin တောင်မှ ဂိမ်းက အလကားပေးတဲ့ ဟာပဲရှိတယ်။
အတန်းခုနစ်က တခြားသူတွေ ဒါကိုမြင်တော့ တဟားဟားနဲ့ ရယ်ကြသည်။13 နှစ်ရှိပြီ ဖြစ်တဲ့ အသစ်လေးပဲ !
ဘယ်ကလာတဲ့ သတ္တိနဲ့ဝမ်ရွီ့ လိုလူမျိုးနဲ့ ယှဉ်ပြိုင်ရဲရတာလဲ !?လူတချို့ လှောင်ပြောင်ကြသည်။ ဒါပေမဲ့ အတန်းခုနစ်က အချို့လူတွေတဲ့ ထူးဆန်း တဲ့ မျက်နှာဘေးတွေနဲ့။
ချန်ချူနဲ့သူတို့ ထိတွေ့တာ သိပ်မကြာသေးပေမဲ့ ၊ သူ့ကြောင်းကို အနည်းနဲ့အများတော့နားလည်ပါတယ်။မပိုင်တဲ့အလုပ်ကို ဘယ်တော့မှမလုပ်ဘူး !
ဒီတော့ ဒီလူက မတော်ချင်ယောင်ဆောင်နေတာပဲ ဖြစ်မယ်။ ငါးမျှားချိတ် လိုပေါ့ !ငါတို့ကို ကလေးလို့ သတ်မှတ်ပြီး လိမ်လို့ရမယ်ထင်နေတာ လား !?
တစ်ယောက်အေးစက်စက်ရယ်ပြီး ချန်ချူကို လှောင်နေတဲ့သူတွေကို ပြောလိုက် သည်။ "မင်းတို့က ငတုံးတွေလား ? သူအကောင့်ခွဲပြီး တမင်ပြတာလဲဖြစ်နိုင်တယ်လေ မင်းတို့ စိတ်ချလက်ချပါဝင်ကစားလာအောင်လို့ မဖြစ်နိုင်ဘူးလား?"
ဒီအသံထွက်လာတော့ ချန်ချူကို လှောင်နေတဲ့သူတွေ အသံမထွက်တော့ဘူး ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အသက်ပြင်းပြင်း ရူမိလိုက်ကြသည်။
လောက်ချန် အတော်ကောက်ကျစ်တာပဲ !
YOU ARE READING
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Mystery / Thrillerသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ