အခန်း(96) ကျားအတောင်ပံတက်ပေး

138 13 1
                                    

အခန်း(96) ကျားအတောင်ပံတက်ပေး

   ဆရာတွေဆီကထွက်တဲ့ရှင်းမော်တွေက ပီရဲခုတ်ချလိုက်တော့ အသားတုံးဖြစ်ပြီးမြေပြင်မှာ လှုပ်နေတုန်းပဲ ၊ ချန်ချူဒါကိုတွေ့တော့ အန်ချင်သွားသည်။ ချန်ချူ မထိန်းနိုင်ပဲ မေးလိုက် မိသည်။ “ပီရဲ , ဆရာတွေ ဘာမှမဖြစ်ပါဘူးနော်?”
  “ဘာမှမဖြစ်တဲ့အပြင် သူတို့ရှင်းမော်ကို ဖယ်ရှားပေးလို့ မင်းကိုတောင် ကျေးဇူးတင်ရဦးမယ်!”သူ့လက်ထဲက မြစ်ဝါမြစ်ခဲတံက အသံထွက်လာသည် “ငါမင်းကို ခေါ်လာတဲ့နေရာက ရှင်းမော်လောက ၊ လူတိုင်းရဲ့ ရှင်းမော်အားလုံးက ဒီမှာလှုပ်ရှားကြတယ်၊ ရှင်းမော်တွေကို သတ်ဖြတ်နိုင်ရင် ဒီလူက လူကောင်းဖက်ပိုရောက်တယ်၊ ဒါပေမယ့် သတိကြီးကြီးမထားရင် ရှင်းမော်ရဲ့မျိုချချင်းခံရပြီး တွေခေါ်နိုင်စွမ်းမရှိတော့ဘူး”

“ဒါပေမယ့် ပီရဲကာကွယ်ပေးထားတော့ သာမာန်ရှင်းမော်လောက်က မင်းကို ထိခိုက်အောင်မလုပ်နိုင်ဘူး”
“သာမာန်?”

“ရှင်းမော်မှာလဲ အင်အားအကြီးအသေးရှိတယ် ၊ အထူးသဖြင့် မင်းအတန်းထဲက ကောင်လေးတွေ ၊ သူတို့ရှင်းမော်တွေက အင်အားကြီးတယ် ၊ မင်းအနေဖြင့် လောလော ဆယ်သူတို့ရှင်းမော်ကို ဖြတ်ဆီးပစ်ဖို့ မတက်နိုင်သေးဘူး!”
ချန်ချူအဲတော့မှ လောလောဆယ်ဖြစ်ပျက်နေတာတွေကို သဘောပေါက်တော့တယ်။

“ပီရဲ , သင်လဲ သူတို့ရဲ့ ရှင်းမော်တွေကို မဖျက်ဆီးနိုင်ဘူးလား?”
“အရင်တုန်းကဆိုရင်တော့ အလွယ်လေးပေါ့ကွာ ၊ အခုငါက အိပ်တာကြာသွား တော့ ငါ့စွမ်းအားက နဂိုရဲ့ ဆယ်ပုံပုံတစ်ပုံတောင်မပြည့်ဘူး”ပီရဲက ဆက်ပြောလိုက် သည် “တစ်ကောင်နှစ်ကောင်လောက်ကတော့ ကိစ္စမရှိဘူး ၊ အများကြီးဆိုရင် ငါလဲ လောလောဆယ်မနိုင်ဘူး ၊ပြီးတော့ ၀န်ထုပ်ဝန်ပိုးမင်းကိုပါ ကာကွယ်ရဦးမယ်”
ချန်ချူအားနာသွားပြီး ခေါင်းတစ်ပတ်လှည့်လိုက်မိတယ်။

သူ့ကံအရမ်း​ကောင်းလို့ မြစ်ဝါမြစ်ခဲတံကို မဲပေါက်သွားခဲ့တာ။ပုံမှန်ဆိုရင် သူ့ကိုယ် သင့်တော်တဲ့တိုးတက်မှုရှိတော့မှာ ဒီလောကထဲဝင်လို့ရမှာ ၊ လောလောဆယ် သူ့မှာ ကိုယ့်ဘာကိုယ်ကာကွယ်နိုင်တဲ့စွမ်းအားတောင်မရှိဘူး။
“ဒါပေမယ့် အရမ်းကြီးတော့ပြဿနာမကြီးပါဘူး ၊ ငါတို့ဒီတစ်ခေါက်လာတာက ၀န်းလဲ့ပန်းရဲ့ ရှင်းမော်ကို လာရှာတာ”မြစ်ဝါမြစ်က ဆက်ပြီးပြောလိုက်သည် “သူ့ရဲ့ ရှင်းမော်ကို သတ်ဖြတ်ပြီးရင် ငါတို့အမြန်ဆုံးပြန်ထွက်ကြတာပေါ့”
ချန်ချူအသာလေးခေါင်းညိမ့်လိုက်ကာ ဘေးပတ်လည်ကိုတစ်ချက်ကြည့်လိုက်သည်။ ကျောင်းလမ်းတစ်လျောက်မှာလဲ အားလုံးရှင်းမော်တွေကြီးပဲ ၊ အကြီးအသေးမတူ ၊ ပုံစံကလဲမျိုးစုံပဲ။သူအဝေးက အတန်းခုနစ်ဖက်ကို တစ်ချက်ကြည့်လိုက်တော့ လန့်သွားသည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now