အခန်း(86) ‌ရောက်လာပြီ

141 19 0
                                    

အခန်း(86) ‌ရောက်လာပြီ

ခဏကြာတော့ ယွဲ့ယင်း စွန်းချုံးရဲ့ ရုံခန်းရှေ့ကိုရောက်လာကာ တံခါးခေါက်လိုက် သည်။
“ဝင်လာခဲ့”

ယွဲ့ယင်းဝင်သွားလိုက်တော့ ရုံးခန်းထဲမှာ စွန်းချုံးတင်မကဘူး လူချင်းဟိုင်လဲ ရှိနေ တာတွေ့ရတယ်။ယွဲ့ယင်းကမှန်းကတန်းနူတ်ဆက်လိုက်ကာ လူချင်းဟိုင်ကလဲ ခေါင်းညိမ့်လိုက်သည်။လူချင်းဟိုင်စားပွဲရှေ့မှာ လေယဉ်လက်မှတ်ချထားကာ သူမျက်နှာ လဲမကောင်းဘူး။
“ရှောင်ယွဲ့, ဘာကိစ္စရှိလို့လဲ?”စွန်းချုံးမေးလိုက်သည်။

ယွဲ့ယင်းအနည်းငယ်ကြောက်နေပေမယ့် ခြောက်ကပ်ကပ်ရယ်ကာ “ခေါင်းဆောင် , အရှေ့တစ်ခေါက်ပြောတဲ့ကိစ္စလေ ၊ ကျွန်မအထင်တော့ စမ်းကြည့်သင့်တယ်ထင်တာပဲ”
စွန်းချုံးစိတ်တိုတိုဖြင့် မျက်ဖြူလန်လိုက်ကာ “ငါစိတ်ညစ်တာမလောက်သေးဘူးလို့ နင်ထင်တာလား? ငါ့ကိုဒုက္ခပေးဖို့ပဲစဉ်းစားနေတယ် !”

ဆွေးနွေးဖို့မဖြစ်နိုင်တာတွေ့တော့ ယွဲ့ယင်းလဲ လျာလေးတစ်ချက်ထုတ်လိုက်ပြီး ထွက်သွားတော့သည်။
ဘေးမှာရှိနေတဲ့ လူချင်းဟိုင်က သိချင်သွားကာ “ဘာကိစ္စလဲ?”

စွန်းချုံး ရယ်ရမလိုငိုရမလိုဖြင့်ပြောလိုက်သည် “ဒီကောင်မလေး အတွေးလွန်နေတာ ပြောတာတော့သူမအသိအထက်တန်းပြ(ရှစ်တန်း၊ကိုးတန်း၊ဆယ်တန်း) ဆရာတစ်ယောက်ရှိတယ်တဲ့ သူ့ကိုဖိတ်ပြီးဟိုအကြောတင်းတွေကိုတစ်ချက်ရင်ဆိုင်ကြည့်ဖို့ ပြောနေတာ ၊ ဒါကနောက်နေသလိုပဲမဟုတ်လား?”
လူချင်းဟိုင်တစ်ချက်ငိုင်သွားပြီးတော့ သေချာစဉ်းစားကာ “လုံးဝမဖြစ်နိုင်တာတော့လဲမဟုတ်ဘူး”

စွန်းချုံးလဲဘာပြောရမှန်းမသိတော့ဘူး ငိုမဲ့ပြုံးဖြင့် “ဆရာ , ဒါက ကလေးကစား နေတာမဟုတ်ဘူးလေ…..”
လူချင်းဟိုင်က ခပ်တည်တည်ဖြင့် “ငါမင်းကိုနောက်နေတာမဟုတ်ဘူး ၊ မင်း အထက်တန်း ကျောင်းဆရာတွေကိုအထင်မသေးနဲ့ ၊ သူတို့နေ့တိုင်းရင်ဆိုင်နေရတာက ပုန်ကန်ချင်တဲ့ အရွယ်ရောက်နေတဲ့ ကျောင်းသားတွေ ၊ သူတို့ရဲ့တွေးတွေကိုတည့်မတ် ပေးဖို့လိုတဲ့ အပြင် ၊ စာကလဲတစ်ဖက်ကသင်ရသေး ၊ ဒါလဲစိတ်ပညာတစ်မျိုးပဲ၊ အများစု စိတ်ပညာရှင်တွေက အထက်တန်းဆရာတွေကနေဖြစ်တာတွေရှိတယ် ၊ သူများစိတ်ကို အမျိုးမျိုးခွဲခြားလေ့လာနိုင်တဲ့သူတွေ ၊ စိတ်ပညာကိုစနစ်တကျမသင်ထားတာကလွဲလို့ ပေါ့”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now