အခန်း(၁၃) သင်ယူချင်စိတ်မြင့်တက်ပစ္စည်း6ခုတစ်စုံ
နောက်နေ့မနက်စောစောမှာ ချန်ချူ စိတ်အခြေနေအလွန်ကောင်းမွန်နေတယ်။ ကျောက်ရိကျိုးကိုတွေ့တော့ နည်းနည်းငယ်ကိုယ့်ကိုအပြစ်တင်မိတယ်….
မနက်ဖက် စာသင်ချိန်သင်ပြီးနောက် အမြန်ဆုံးရုံးခန်းကိုပြန်လာကာ လက်နှစ်ပွတ် ကာပွတ်ကာနဲ့ ကျန်နေတဲ့ Eအဆင့် ပစ္စည်းသုံးခုကို အဆင့်မြင့်လိုက်တယ်။ပြီးနောက် တိတ်တိတ်လေး စစ်စတန်စင်ပေါ်က ပစ္စည်းအားလုံးကို ထုတ်ယူလိုက် ပြီး ပလပ်စတစ်အိတ်တစ်အိတ်ရှာထည့်ကာ ကျောင်းခန်းဖက်သို့ ဦးတည်သွားလိုက် သည်။
အတန်းခုနစ်က ကျောင်းသားတွေ ခုနမှ စာတစ်ချိန်သင်ပြီး နားေနချိန်မို့ ဆူညံပွက်လော ရိုက်နေတာပဲ။ချန်ချူရောက်လာတော့ လုံးဝတိတ်ဆိတ်သွားသည်။“ကိစ္စမရှိပါဘူး ….မင်းတို့ဘာသာဆက်ဆော့ကြ..ငါ့ကိုဂရုစိုက်စရာမလိုဘူး!”
ချန်ချူ တစ်ချက်ပြောလိုက်ပြီး ပလပ်စတစ်အိတ်ထဲက ပစ္စည်းတွေကို ထုတ်လိုက် တယ်။ခဲဖျက်ဘူး၊ပေတံ၊သင်ပုန်းဖျက်၊သက်ပုန်းဖျက်အဝတ်၊အမြင်ဇယား၊နေရာတစ်ခုမှာ အစဉ်လိုက်တင်လိုက်သည်။နောက်တော့ စစ်စတန်ရဲ့ ပစ္စည်းတစ်စုံဖြစ်တည်သွားတယ်လို့ ပြောသံမကြားဘူး။
အမ် ?
ချန်ချူ တစ်ချက်ကြည့်လိုက်တော့…ငါ့ရဲ့ပုံစံကမ္ဘာလုံးကော ဘယ်ရောက်သွားလဲ?
“ဘယ်သူ ငါ့ရဲ့ပုံစံကမ္ဘာလုံးကိုယူသွားတာလဲ ?”ချန်ချူ အနည်းငယ်ဒေါသထွက်သွားသည်။အတန်းခုနစ်က ကျောင်းသားတွေ တစ်ချက်လန့်သွားသည်။ပုံစံကမ္ဘာလုံးလေး တစ်ခုပဲဟာကို အဲလောက်တောင် အော်ဖို့ လိုလို့လား?
ကျိုးဖုန်းအမြန်အနားရောက်လာပြီးပြောလိုက်သည် “လောက်ချန် ပုံစံကမ္ဘာလုံး ကို ပထဝီဆရာယူသွားတယ်”
“ကောင်းပြီ ၊ ငါသိပြီ”
ချန်ချူ မျက်မှောင်ကျုံပြီးစဉ်းစားလိုက်သည်။စားပွဲမှာ ဒီအတိုင်းထားတာ စိတ်မချ ရဘူးပဲ။ကျောင်းသားဖျက်ဆီးလိုက်တာဖြစ်ဖြစ်၊ယူသွားခံရတာဖြစ်ဖြစ်၊အကျိုးသက် ရောက်မှုမရှိတော့ဘူး။ချန်ချူ အမြင်ဇယားကို ကျိုးဖုန်းသို့လှမ်းပေးလိုက်ပြီး “မင်း ဒါကိုနံရံမှာကပ်လိုက် ငါခဏနေပြန်လာခဲ့မယ် !”
“အော် ..အော်”
ကျိုးဖုန်း အမြင်ဇယားကို ယူလိုက်တာနဲ့ ချန်ချူ ကပျာကယာနဲ့ စာသင်ခန်းအပြင် ကိုထွက်သွားသည်။
YOU ARE READING
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Mystery / Thrillerသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ