အခန်း(7)မထင်ရဘူးပဲ

247 27 1
                                    

အခန်း(၇) မထင်ရဘူးပဲ

     လီခဲ့ တစ်ခါတည်းအတန်းမသင်တော့ပဲ ကျောင်းသားတွေကို ချန်ချူနဲ့လွတ်ထား ကာ ချန်ချူ ဘစ်စကတ်‌ေဘာပြိုင်ပွဲထဲဝင်လို့ရအောင်သွားစီစဉ်တော့သည်။
     ချန်ချူကတော့ ကျိူးဖုန်းတို့အဖွဲ့ကိုဆက်ပြီး သင်ပေးနေသည်။
     [ကျိူးဖုန်းထံမှ စာသင်မှတ် 5 မှတ်ရရှိ]
     [ရန်ထျန်းယွီထံမှ စာသင်မှတ် 5 မှတ်ရရှိ]
    
  စစ်စတန်ဆီမှ အသံအဆက်မပြတ်ထွက်လာသည်။ချန်ချူ ပျော်သွားသည်။ဒီလိုနဲ့ လဲစာသင်မှတ်ရရှိတာလား?
  ချန်ချူ ဆရာမျက်လုံးကို အသုံးပြုပြီး ကျိူးဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။
  နာမည်      : ကျိူးဖုန်း
Gender      : ယောက်ျားလေး
အသက်      : 15
အခြေအနေ      : စာလုပ်တာကိုမုန်းသည်၊ အာရုံစူးစိုက်မှု (အထူးအာရုံစိုက် မှု၊သင်ယူမှုကိုမြင့်တက်စေသည်၊အချိန်သတ်မှတ်မှုမသေချာ)
မှုလကျင့်ဆိုး      : ……….များလို့မတွက်ချက်ပါ   
  မှုလအရည်အချင်း    : E အဆင့် ဘတ်စကတ်ဘော
  သင်ယူမှုအနေအထား  : 133%
  စုစုပေါင်းတွက်ချက်မှု  : F
  အာရုံစူးစိုက်မှုအနေအထား ?

  ချန်ချူနားလည်သွားသည်။ဒီကောင်လေးတွေ သဘောကျတဲ့အရာကို ဆုပ်ကိုင်မိ လိုက်တာပဲ။သူ့မှတ်တာမမှားဘူးဆိုရင် အရင်တစ်ခေါက်ကျိူးဖုန်းကို ကြည့်တုန်းက သင်ယူမှုအနေအထား -184% ဖြစ်သည်။

  ဒီလိုဆိုတော့ သင်ယူမှုအနေအထားက အမြဲဒီအတိုင်းရှိနေတာမဟုတ်ပဲ၊ပြောင်းလဲ လို့ရတယ်ပေါ့၊သူတို့သဘောကျသင်ယူမှုပေါ်ပဲမူတည်တယ်။
   အခုကျိူးဖုန်းတို့ကို စာသင်ခန်းထဲမှာတခြားဘာသာသင်ရင် သင်ယူမှုအနေအထား က နဂိုအတိုင်းပြန်ဖြစ်သွားမယ်။

  ကျိူးဖုန်းတို့သင်ယူချင်နေတုန်း အနေအထားမှာ ချန်ချူလဲတက်နိုင်သလောက် အသေးစိတ်သင်ကြားပေးသည်။တဖက်ကလဲ စာသင်မှတ်တွေရိတ်သိမ်းရင်းပေါ့။
  ခဏကြာတော့ အတန်းခေါင်းလောင်းသံကြားရတယ်။ကျောင်းသားတွေရဲ့ မျက်နှာမှာဆက်ပြီးသင်ချင်သေးတာပေါ်လွင်နေတယ်။ဒါပေမဲ့ ချန်ချူရဲ့ တိုက်တွန်းချက် ကြောင့် စာသင်ခန်းကို ပြန်သွားကြသည်။

   သူတို့ထွက်သွားတာနဲ့ ချန်ချူလဲ မထိန်းနိုင်ပဲတစ်ချက်ရယ်လိုက်သည်။ဒီတခေါက် စာသင်မှတ် 300 ကျော်ရလိုက်သည်။ပထမ မဲနိူက်ဦးမလို့ ၊ဒါပေမဲ့ ချန်ချူမဲနိူက်ချင်စိတ် ကို ထိန်းချူပ်လိုက်သည်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now