Part 💜 14 (U&Z)

24.5K 564 15
                                    

အခန်း - ၁၄

"လောပန်း လွန်းငယ်ကိုယ့်ဘာသာသယ်ပါ့မယ်"

"......"

လွန်းငယ်ပြောစကားကိုနားမထောင်ပဲ အပေါ်ထပ်လှေခါးသို့ တတ်နေသည့်လောပန်းက ခပ်မြန်မြန်ပင်ဖြစ်သည်။

"လောပန်း လောပန်း ...စောင့်ပါအုံး"

"လာခဲ့လေခလေး ကိုယ်ဘယ်မှမသွားဘူး"

ခြေတန်ရှည်သည့်လောပန်းက လှေခါးထစ်များကို နှစ်ထစ်ကျော်ကာ တတ်သွားသည်မို့ လွန်းငယ်မှာလိုက်မမှီဖြစ်နေရသည်။ ဒါကို အပေါ်ရောက်သွားပြီဖြစ်သည့်လောပန်းက လွန်းငယ်ဘက်ကြည့်၍ လာခဲ့ဖို့ပြောနေလေသည့်ကြောင့် အပေါ်သို့ရောက်သည်နှင့်...။

"လွန်းငယ်သယ်နိုင်ပါတယ် လောပန်းရဲ့ အမေရေ့..."

မျက်နှာချင်းဆိုင်တွင်ရှိသည့် လောပန်းလက်ထဲမှ အထုပ်ကိုလှမ်းဆွဲယူလိုက်သည့်အခါ ထိုအထုပ်ကိုလောပန်းက လွှတ်မပေးပဲ ပြန်လည်ဆွဲထားလိုက်သည်ကြောင့် လွန်းငယ်ကိုယ်လေးမှာ ရှေ့သို့ရောက်သွားရပြီး လောပန်းဆီဝင်တိုက်မိတော့သည်။

မနိုင်ပါပဲအတင်းသယ်မည်လုပ်နေသည့် ခလေးပေါက်စကို အထုပ်မပေးပဲ ပြန်ဆွဲလိုက်တော့ ရင်ခွင်ဆီသို့ရောက်လာလေသည်။ ဥဿာသိပ်ချစ်ရသည့်ခလေးလေးဟာ သူ့ဆီသို့အသင့်ရောက်သည်ဖြစ်၍ ဟန်ချက်ပျက်နေသည့် ကိုယ်လုံးသေးသေးလေးကို လက်တစ်ဖက်နှင့် ခါးမှကိုင်၍ထိန်းဖက်ထားပေးမိသည်။

ဖက်ချင်လို့မဟုတ်ပါဘူးခလေးရယ် နောက်ကိုလန်ပြီးပြန်လဲသွားမှာဆိုးလို့ပါ။ စေတနာတွေလေ ကိုယ့်ရဲ့စေတနာတွေပါကွာ။

လေတိုးပေါက်တောင်မရှိလောက်အောင် ထိစပ်နေသည့် ဥဿာနှင့်ခလေးရဲ့ ခန္ဓာကိုယ်အထိတွေ့လေးက ဥဿာကို ထပ်မံ၍ ရင်ခုန်စေသည်။ ရင်တွေတအားခုန်လွန်း၍ ဒီရင်ခုန်သံကို ခလေးများကြားသွားလေမလားကွာ။

ရင်ခွင်ထဲမှခလေးလေးကို ငုံ့ကြည့်မိတော့ ဥဿာရဲ့အင်္ကျီလေးများကို တင်းနေအောင်ဆုပ်ကိုင်ထားသည့် လက်သေးသေးလေးကို အရင်တွေ့လိုက်ရသည်။ မထင်မှတ်ထားသည့်အခြေအနေဖြစ်၍ လန့်သွားသည်ထင်သည်။ ရင်ခုန်ဖွယ်ရာအခိုက်တန့်လေးဟာ ခဏလေးဆိုပေမယ့်လဲ ခလေးရဲ့ကိုယ်သင်းရနံ့ သင်းသင်းလေးကို ဥဿာတဝကြီးရှုရှိုက်ခွင့်ရခဲ့ပါသည်။

Lighthouse Of Love (Completed)Wo Geschichten leben. Entdecke jetzt