အခန်း - ၄၀
အမှောင်အတိကျနေသည်နေရာတွင် ဥဿာရင်ခွင်ထဲမှခလေးကို တင်းကျပ်စွာဖက်ထားမိပြီး ဖျက်ခနဲပြန်ပွင့်လာသည့်မီးတို့ကြောင့် ဥဿာမျက်လုံးတို့စူးသွားသည့်အခါ မျက်လွှာတို့ကို တစ်ချက်မှိတ်လိုက်၏။ ထို့နောက် မျက်စိရှေ့မှ လဲနေသည့် ပုံရိပ်တစ်ခုကို ဘာပါလိမ့်ဟုစူးစမ်းမကြည့်အားသည့် ဥဿာမှာဖက်ထားသည့်ခလေးကိုသာငုံ့ကြည့်ရသည်။
"ခလေး ခလေး..."
အသံလေးပြန်မပြုပဲ ရင်ခွင်ထဲမျက်နှာအပ်ထားစဲခလေးက အတော်လန့်ပြီးကြောက်သွားမှန်းသိသည်ကြောင့် ကျောပြင်လေးနှင့် ခေါင်းလေးကိုဖြေးညှင်းစွာထိကိုင်၍ ချော့ရသည်။
"ဟင့်...လောပန်း"
"အင်းကိုယ်ရှိတယ်လေခလေး ခလေးဘာမှမဖြစ်တော့ဘူး"
"သရဲ လွန်းငယ်လက်ကို သရဲက"
ရင်ခွင်ထဲမှ မျက်နှာလေးကိုထုတ်မလာပဲ ငိုယို၍ဝူးဝူးဝါးဝါးနှင့် ပြောလာသည့်ခလေးက တကယ်သရဲထင်နေတုန်းပင်။
"သရဲမဟုတ်ဘူး လူခလေးရဲ့ တကယ်သရဲမဟုတ်ဘူး ခလေးမကြောက်နဲ့နော် အစောကဟာကလူကြီးကွ"
"လက်ကြီးကအေးစက်နေတာကို သရဲပါဆို အဲ့သရဲကလွန်းငယ်လက်ကိုဆွဲထားတာလို့..."
"ခလေးလက်ကိုဆွဲထားတဲ့လူကို ကိုယ်ကန်လိုက်လို့ရှေ့မှာလဲနေပြီ ခလေးမယုံရင်ကြည့်ကြည့်"
ထိုအခါဥဿာကိုမော့ကြည့်လာသည့် ခလေးကမျက်ရည်လေးများနှင့် ဖြစ်နေလေသည်။
"တကယ်သရဲမဟုတ်ဘူးနော်လောပန်း"
"ခလေးရဲ့ကျောဘက်မှာလဲနေတာလူအစစ်ပါခလေးရဲ့ လှည့်ကြည့်လေ သရဲမဟုတ်မှန်းခလေးအတည်ပြုလို့ရတာပေါ့"
"အဲ့တာဆိုကြည့်ကြည့်မယ်နော်"
မရဲတရဲလေးနှင့်လှည့်ကြည့်သည့်ခလေးဟာ လဲနေသည့်ထိုလူကိုမြင်မှ ရင်ဘက်လေးဖိကာ သက်ပြင်းလေးချ၏။
"တော်သေးတယ် တကယ်သရဲမဟုတ်လို့"
ဥဿာကိုကျောပေးရပ်နေသည့်ခလေးရဲ့ခန္ဓာကိုယ်လေးဟာ ဟန်ချက်တို့ပျက်၍ ရုတ်တရက်လဲကျသွားရှာသည်ကိုတွေ့လိုက်ရ၏။ ကြမ်းပြင်နှင့်ဦးခေါင်း မထိမိခင်လေးတွင် ခလေးကိုဖမ်းလိုက်မိပေမယ့် ခလေးရဲ့ကိုယ်လေးဟာပျော့ခွေစွာဖြင့် သတိမရှိတော့ပြီဖြစ်သည်။
VOCÊ ESTÁ LENDO
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်