Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး အပိုင်း - ၆
(Unicode)"ငလင်းမင်းဘာလို့ ပုလဲကိုအော်လိုက်တာလဲ မင်းအခွင့်ရေးတွေဆုံးရှုံးချင်လို့လားကွ"
ဒီကောင့်လုပ်ရက်ကို အံဩမိသည်မို့မေးမိသည်။ ပေါင်းလာသည့် သူငယ်ချင်းသက်တမ်းတစ်လျှောက် ယခုလိုပြုမူသည်က ပထမဆုံးမဟုတ်လား။
"မဆိုင်တာကွာ ငါကပုလဲကိုချစ်တာမှန်တယ် ဒါမယ့်တစ်ခါတစ်လေအဲ့လိုတစ်ဖက်စောင်းနင်းတွေးတာကြီးကိုတော့ ငါမကြိုက်ဘူးကွ ပြီးတော့ပုလဲက ငါ့ကိုအခွင့်ရေးဘယ်တုန်းကများပေးခဲ့လို့လဲကွာ"
"အင်း...မင်းသိသေးတာပဲ ငါကအချစ်ကြောင့် မင်းကန်းနေပြီထင်တာ"
"ငါမကန်းပါဘူးကွ ငါကပုလဲကိုချစ်လို့ မသိချင်ယောင်ဆောင်ခဲ့တာပဲရှိတာ"
"အခုရော မင်းဘာလို့အဲ့လိုမလုပ်ခဲ့တာလဲ"
"အခုကမတူဘူးကွ နိုးနိုးကခလေးသာသာပဲရှိသေးတာ ပြီးတော့ဟိုကတုံးလိုက်တာမှလွန်ရော ရှေ့မှာဆင်ကြီးမြင်ရက်နဲ့ အဲ့တာကျွဲကြီးလို့ပြောရင်တောင်ယုံမယ့်ခလေးဟ ငါနောက်သမျှလဲ တဂယ်ကြီးထင်ထင်နေတဲ့ခလေး"
"အဲ့တာပဲလား"
"ဘယ်ကမလဲ တစ် Hotel လုံးမှာအငယ်ဆုံးဆိုတော့ ငါကသံယောဇဉ်ပိုတာ ငါတို့မွေးမှငါတို့သမီးလေးလောက်ပဲရှိမယ့် အရွယ်လေးဆိုတော့ ငါ့သမီးလေးများဖြစ်နေရင် ဘယ်လိုလုပ်မလဲလို့ တွေးမိတာကွ"
"ဟ...မင်းဟာကြီးကလဲ ငါတို့အဲ့လောက်ကြီးလို့လားဟ မင်းအတွေးကလဲကွာ"
"ကြီးတာပေါ့ ဖအေရယ် ၁၄ နှစ်လောက်ကွာတယ်ကွ မွေးရင်သမီးလေးအရွယ်ပဲ"
အတွေးကြီးနှင့်အပြောကြီးက လူပျိုကြီးအဖို့ ကြက်သီးထစရာကောင်းလှသည်။
"ဒါနဲ့မင်း..."
"အွန်းပြော"
"ပေါက်စကို အခု နိုးနိုးလို့ခေါ်လိုက်တာလား"
"ငါ့သူငယ်ချင်းက ပေါက်စလို့ခေါ်တာမကြိုက်မှတော့ ငါကမခေါ်ပါဘူး ငါကစည်းစောင့်တတ်ပါတယ်ငခမ်းရ"
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်