အခန်း - ၄၁
"တကယ်ကြီးဒီမှာအိပ်ရမှာလား"
"ဟိုကောင်နဲ့ပေးမသိပ်နိုင်ဘူးခလေး"
"မကောင်းဘူးနော် လွန်းငယ်တို့တစ်ခန်းထဲအိပ်မှန်းသိရင် တစ်မျိုးထင်ကြမှာပေါ့"
"ဘယ်လိုတစ်မျိုးလဲ ကိုယ်သေချာမသိဘူး"
"ဟင့်အင်းအခန်းပဲပြန်အိပ်ချင်တယ်"
"ခလေးကိုဘာမှမလုပ်ဘူးလေကွာ"
"လောပန်း..."
"အိပ်ယာသွားခင်းလိုက်အုံးမယ် ခဏလေးခလေး"
လွန်းငယ်ပါးကိုဖျစ်ညှစ်၍ အခန်းထဲဝင်သွားသည့်သူဌေးလူကြီးဟာ တတ်ကြွလန်းဆန်းနေလေ၏။
"လွန်းငယ်အောက်မှာအိပ်မယ်"
"ကုတင်ပေါ်မှာပဲအိပ်ပါ"
"လောပန်းကျောတွေနာမှာပေါ့ လွန်းငယ်ကရတယ် အိမ်မှာဆိုစောင်အပါးလေးပဲခင်းပြီးအိပ်နေကျ"
"ကိုယ်ကယောက်ကျားလေးပါကွ အောက်မှာအိပ်တာကိုယ်ပဲဖြစ်သင့်တာ"
ဥဿာဘေးလာရပ်သည့်ခလေးကိုယ်လေးကို ဆွေ့ခနဲကောက်ပွေ့၍ ကုတင်ပေါ်တင်ပေးကာ စောင်လေးပါခြုံပေးလိုက်သည်။
"အိပ်တော့နော် ကိုယ်လဲဘေးမှာရှိတယ် ဘာမှမကြောက်နဲ့"
"ဟုတ်"
ဥဿာမျက်လုံးတို့ကမှိတ်နေပေမယ့် အိပ်မရသည်က စိတ်ဖြစ်သည်။ ငိုနေသည့် ခလေးမျက်နှာလေးပဲ ပြန်ပြန်မြင်ယောင်နေပြီး သနားနေမိသည့်စိတ်မှာ အိပ်ရန်အတွက် ခက်ခဲလှပါသည်။
"လောပန်း အိပ်ပြီလားဟင် လောပန်း..."
ဥဿာမျက်လုံးတို့ကိုဖွင့်ကြည့်မိသည့်အခါ မီးရောင်ဖျော့ဖျော့လေးထဲ သေချာစွာမြင်နေရသည့်ခလေးက ချစ်စဖွယ်လေးပင်ဖြစ်နေသေး၏။
"ခလေးအိပ်မပျော်လို့လား"
"ဟုတ်"
"ဘာတွေတွေးနေလို့လဲကွ"
"ပြောပြရင် စိတ်မဆိုးရဘူးနော်"
"အွန်း"
ခလေးဘက်သို့လှည့်၍ ပြောမည့်စကားကို သူနားစွင့်လိုက်သည်။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်