44 💜 (U&Z)

16.4K 397 7
                                    

အခန်း - ၄၄

သူဌေးလူကြီး၏ အင်္ကျီထားသည့်အခန်းဟာ အကျယ်ကြီးဖြစ်ပြီး လွန်းငယ်အင်္ကျီတွေပါ သီးသန့်ဘေးတွင် တန်းကလေးများနှင့်သေချာစွာ ထားပေးထားလေသည်။ ဖိနပ်တန်း၊ နာရီတန်း၊ နက်ကတိုင်တန်း၊ အင်္ကျီအဖြူသီးသန့်တန်း၊ အင်္ကျီအနက်သီးသန့်တန်း၊ အခြားအင်္ကျီနှင့် ဘောင်းဘီတန်းများပါဝင်သည့် အခန်းကြီးက လင်းထိန်၍သားနားနေသလို ထိုပစ္စည်းများကို ထိုင်ကြည့်နေရသည်ကိုလဲ ပျော်နေမိ၏။ ပစ္စည်းတွေအများကြီးနှင့် ဆိုင်ကြီးတစ်ဆိုင်လိုဖြစ်နေတော့ အထူးအဆန်းဖြစ်နေပြီး အံဩမိသည်တော့ အမှန်ပေ။

"ခလေးဘာတွေထည့်အုံးမလဲ ကိုယ့်အိတ်ကကြီးတယ် ခလေးပစ္စည်းတွေအကုန်ထည့်လို့ရတယ်နော်ခလေး"

"အကုန်ထည့်ပြီးပြီလောပန်းမထည့်တော့ဘူး ပစ္စည်းတွေအတူထည့်ရင်သိကုန်လိမ့်မယ်"

"ဂါဝန်လေးတွေရောထည့်ခဲ့နော် ရေရောကူးမှာမလား အပိုဘောင်းဘီလေးတွေပါထည့်ခဲ့"

"ဟုတ် အဲ့တာဆို ပိုပိုလိုလိုဘောင်းဘီထည့်ခဲ့လိုက်မယ်"

"အင်းခလေး ကိုယ်ထည့်စရာရှိသေးလို့အပြင်မှာရှိနေမယ် ခလေးအင်္ကျီအရင်လဲလိုက်လေ ခလေးပြီးမှကိုယ်လဲလိုက်မယ်"

"ဟုတ်"

ဇေလင်းကိုသွားဝယ်ခိုင်းထားသည့် ကိတ်မုန့်လေးများနှင့် ခလေးကြိုက်သည့်အခြားမုန့်လေးများကို သေချာစွာထုတ်ပိုး၍ ယူမည့်ပစ္စည်းများ စုထားလိုက်သည်။

"လောပန်း"

"ဗျာ့"

"လွန်းငယ်ဘယ်လိုနေလဲဟင်"

Kitchen ခန်းထဲမှထွက်လာပြီး ခလေးကိုကြည့်လိုက်သည့်အခါတွင် မျက်လုံးတို့တောက်ပသွားရသလို ရင်ခုန်သံများလဲမြန်လာရ၏။

"အားပါးပါး...ဒါလေးကဘာလေးလဲကွ"

"လွန်းငယ်လေးလေ ဟီး"

"ကိုယ့်ခလေးလေး ဘာလို့တအားလှနေတာလဲကွာ"

"လောပန်းကလဲ"

လွန်းငယ်ကိုပခုံးမှကိုင်၍စိုက်ကြည့်လိုက်၊ ကြည့်ပြီးတစ်ဖက်သို့လှည့်သွားလိုက်နှင့်  ခလေးဆန်ဆန်တွေပြုလုပ်နေလေသည့်သူဌေးလူကြီးကြောင့် လွန်းငယ်မှာလဲ မနေတတ်မထိုင်တတ်နှင့် ရှက်လာရ၍ အောက်သို့သာငုံ့ထားမိသည်။

Lighthouse Of Love (Completed)Where stories live. Discover now