အခန်းး - ၁၆
*ဒေါက် ဒေါက်...*
မနက် ၇ နာရီပဲရှိသေးသည်ကို မည်သူမှန်းမသိ တံခါးလာခေါက်နေလေသည်။ လွန်းငယ် မထချင်ပေမယ့်လဲ ထကာ တံခါးသွားဖွင့်သည်အထိ မျက်လုံးတို့ကအပြည့်အဝမပွင့်လာသေးပဲ အိပ်ချင်နေရ၏။
စုတ်ဖွာနေသည့်ဆံပင်လေးများက ထိုးထိုးထောင်ထောင်နှင့် ဖရိုဖရဲဖြစ်နေပြီး မျက်လုံးလေးများကလဲ မပွင့်တပွင့်နှင့် မှေး၍နေ၏။ အနည်းငယ်ညိုနေသည့်မျက်ကွင်းလေးများကြောင့် ခလေးပုံစံကိုခြုံကြည့်လျှင် ပန်ဒါပေါက်စလေးလိုဖြစ်နေလေသည်။
"ဟောဗျာ...ဒါကဘာပုံစံလေးလဲ"
ရှည်လွန်းလှသည့် အရပ်ကြီးနှင့်သူဌေးလူကြီးကို မျက်လုံးတစ်ဖက်ပဲဖွင့်၍ လွန်းငယ်ကြည့်လိုက်သည်။
"တကယ် ဘာလေးလဲကွာဟားဟား..."
"လောပန်း ဘာလို့ရယ်နေတာလဲ"
"ခလေးပုံစံက ရယ်ချင်စရာလေးကိုကွ"
"လွန်းငယ်လား..."
ယခုမှ ကိုယ်ဆံပင်ကို စမ်းကြည့်မိတော့ရှုပ်ယှက်ခက်ကာ ထိုးထိုးထောင်ထောင်နှင့်ရှိနေလေသည်။
"အာ...ရုပ်ကြီးဆိုးနေတာမကြည့်နဲ့"
"မဆိုးပါဘူးကွ ချစ်စရာလေးပါ"
သူဌေးလူကြီးက ရယ်ပြီးပြောနေသည်ဖြစ်၍ ကြည့်ရဆိုးနေမှန်း သေချာပါသည်။
"ဘာခိုင်းမလို့လဲလောပန်း အစောကြီးပဲ"
"မနက်စာသွားစားမလို့လာခေါ်တာဗျာ"
"ဟွန်...လောပန်းကအခန်းမှာစားရတာပဲကြိုက်တာမလား လွန်းငယ်က ထမင်းစားဆောင်ကိုသွားစားမှာလေ ဘယ်လိုလာခေါ်တာလဲ"
"အင်း ကိုယ်အခု Hotel ထမင်းစားဆောင်မှာစားတော့မလို့"
"အဲ့တာဆိုသွားတော့လေလောပန်း"
"ခလေးနဲ့သွားမလို့လာခေါ်ပါတယ်ဆို ဘယ့်နှယ့်သွားခိုင်းနေရတာလဲ"
"လွန်းငယ်ဘာမှမလုပ်ရသေးဘူး"
"ကိုယ်စောင့်နေမယ်"
"ကြာမှာနော်"
"ရပါတယ် ကိုယ်စောင့်နိုင်တယ်"
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်