အခန်း - ၃၃
အဖြေပေးသည့်အချ်ိန်တွင် ပျော်ရွှင်မှုကြောင့် အရမ်းကြီးရှက်မနေပေမယ့်လဲ အခန်းထဲရောက်၍ပြန်တွေးမိသည့်အခါ လွန်းငယ်မှာ ရှက်လွန်းလှသည်ကြောင့် အပြင်ကိုမထွက်ရဲတော့ပေ။ ချစ်သူရည်းစားရသည့် ခံစားချက်ကြီးက ဘယ်လိုကြီးမှန်းလဲမသိ။ ရည်းစားကြီးကို မျက်နှာပူမိသလို မျက်နှာချင်းဆိုင်ရန်လဲ ရှက်သလို၊ ကြောက်သလိုကြီးဖြစ်ရပါသည်။
အခန်းအတွင်းလမ်းလျှောက်နေသည့် လွန်းငယ်မှာ အခန်း၏နေရာစေ့သည်အထိ လျှောက်သွားနေမိပါသည်။
*ဒူ...ဒူ..ဒူ...*
Contact မှတ်ထားခြင်းမရှိသည့်ဖုန်းနံပါတ်လေးနှင့် အလွတ်ရနေပြီဖြစ်သည့်ဖုန်းနံပါတ်လေးကြောင့် ရင်ခုန်နှုန်းများစွာနှင့် အတော်ကြာမှကိုင်လိုက်သည်။
"Hello လောပန်း"
"ကိုယ်ရေချိုးပြီးပြီ"
"အဲ့တာဘာလုပ်ရမှာလဲ"
"ထမင်းသွားစားမယ်လေ"
"လွန်းငယ်မစားတော့ဘူး အိပ်တော့မလို့"
"အခုမှ ၇ နာရီပဲရှိသေးတာလေကွာ ထမင်းမစားပဲမအိပ်ရပါဘူး ကိုယ်အခန်းရှေ့ကစောင့်နေမယ်နော်ခလေး ထွက်ခဲ့လိုက်"
"လွန်းငယ်မစားတော့ပါဘူးဆို"
"ကိုယ်ရောက်ပြီခလေး"
*ဒေါက်...ဒေါက်...*
"ခလေး ထွက်ခဲ့လေကွာထမင်းစားမယ်"
အခန်းရှေ့မှလာအော်နေသည်ကြောင့် ဖုန်းလေးကိုချ၍ အခန်းအပြင်သို့ မရဲတရဲနှင့်ထွက်လိုက်ရသည်။
"ဘာဖြစ်လို့ထမင်းမစားချင်တာလဲပြောပါအုံး"
လွန်းငယ်မှာနံရံဆီသို့ ကျောပြင်လေးကပ်နေရပြီး သူဌေးလူကြီးကလွန်းငယ်ရဲ့ဘေးလက်ထောက်လျှက် ငုံ့၍မေးလာလေသည်။ အနက်ရောင်ရှပ်လက်ရှည်နှင့် သူဌေးလူကြီးဟာ လည်ပင်းတို့ဖြူဖွေး၍ ကြည့်ကောင်းလှပါသည်။ လွန်းငယ်ခဏပဲမော့ကြည့်ကာ ရင်ခွင်မှီရုံအရပ်လေးဖြစ်သည်ကြောင့် သူဌေးလူကြီး၏ ရင်ဘက်ကျယ်ကြီးဆီပဲ တန်းတန်းလေးကြည့်နေမိ၏။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်