အခန်း - ၃၆
ည ၈ နာရီအချိန် ခေါင်မိုးထပ်၏ကျယ်ပြန့်သည့်ကွင်းပြင်ကြီး၌ အခင်းလေးခင်းကာ မီးများထိန်ထိန်လင်းနေသည့်အောက်ဝယ် ချစ်သူနှစ်ဦးအတူထိုင်ကြလေသည်။
"လောပန်း"
"ဗျာ့"
"အဲ့ကိုကြီးက တကယ်ဆရာဝန်ပေါ့နော်"
"ဟုတ်တာပေါ့"
"အာ့ဆို တော်တာပေါ့နော့"
"ဟာ ကိုယ်ကပိုတော်တာလေကွာ အဲ့ကောင်ကဆေးပဲကုတတ်တာကျန်တဲ့စီးပွားရေးသူလုပ်တတ်လို့လား"
"ကျွမ်းကျင်တဲ့နေရာချင်းမတူဘူးလေလောပန်းကလဲ လောပန်းကစီးပွားရေးလုပ်တတ်သလို အဲ့ကိုကြီးကလဲဆေးကုတတ်တာပဲ တစ်ယောက်တစ်မျိုးတော်ကြတာကို"
"ကိုယ်ကပိုတော်တာ ဒါပေမယ့်ထားပါတော့"
"အဲ့ကိုကြီးကဘာလာလုပ်တာလဲဟင် လောပန်းဆီအလည်လာတာလား"
"ဒီမှာအလုပ်လုပ်ဖို့လာတာပါဗျာ"
"ဟင် ဆရာဝန်ကြီးကဒီမှာဘာအလုပ်လုပ်မှာလဲ"
"ဝန်ထမ်းတွေဖျားရင်ကုလို့ရအောင်လို့ကိုယ်ခေါ်ထားတာ နောက်ဆိုသူကဒီမှာပဲအမြဲနေတော့မှာခလေးရဲ့"
"လွန်းငယ်ကအလည်လာတာပဲထင်လိုက်တာ"
"အွန်း အလည်မဟုတ်ဘူးအလုပ်နဲ့ ဒါနဲ့နောက်ဆိုအဲ့ကောင်ကို ကိုကြီးလို့မခေါ်ရဘူးခလေး"
"ဟွန် ဘာဖြစ်လို့လဲ"
"ကိုယ်မကြိုက်ဘူး ကိုယ့်ကိုကျတော့လောပန်းလို့ခေါ်ပြီး အဲ့ကောင်ကိုတော့ကိုကြီးတဲ့ ဒါမဖြစ်သင့်ဘူးမခေါ်ရဘူး"
"လောပန်းကလဲ လောပန်းကိုကဒီလိုပဲခေါ်တတ်တာမလို့ပါ"
"ကိုယ့်ကိုလောပန်းလို့မခေါ်ပဲ တခြားနာမည်ပြောင်းခေါ်ပါလားကွာနော်"
"အဲ့လိုကြီးပြောင်းမခေါ်တတ်ပါဘူး နှုတ်ကျိုးနေပြီလောပန်းရဲ့"
"ခလေးကလဲကွာ လောပန်းဆိုတာကြီးကသူစိမ်းဆန်တယ် ကိုယ်တို့ကသမီးရည်းစားချစ်သူတွေပဲ ကိုကိုတို့ ကိုကြီးတို့ အဲ့လိုလေးခေါ်လေ"
VOUS LISEZ
Lighthouse Of Love (Completed)
Roman d'amourအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်