အခန်း - ၂၁
အချစ်မီးပြတိုက်လေး 💜🖤လွန်းငယ်မှာအခန်းပြန်ရောက်သော်လည်း အငြိမ်မနေရ လူကရင်ခုန်သံတွေမြန်နေရသည်ဖြစ်၍ ထလိုက်ထိုင်လိုက် လမ်းလျှောက်လိုက်နှင့် ရှိနေရသည်။
"တကယ်ဆို စိတ်ဆိုးသင့်သည့်အခြေနေမှာ ဘာလို့များရင်ခုန်နေရသလဲ... ပြီးတော့ ရင်မခုန်သင့်သည့်လူကိုမှတဲ့လား..."
အတွေးများယောက်ယက်ခက်နေသော်လည်း ၇ နာရီကို အပေါ်သို့ခေါ်ထားသည်ဖြစ်၍ လွန်းငယ်မှာ အင်္ကျီလေးလဲကာ အပေါ်သို့တတ်ခဲ့ရသည်။
ခေါင်မိုးထပ်၏တံခါးလေးဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းတို့က လွန်းငယ်မျက်လုံးပင်ကြိမ်းလောက်သည်အထိ တောင်ပလင်းလတ်နေ၏။ နေရာကျယ်ကြီးတစ်ခုလုံးတွင် မီးလဲ့လဲ့လေးများဟာ အပြည့်ရှိနေပြီး ဘယ်လောက်များ များပြားသလဲဆိုလျှင် ထိုမီးပွင့်သေးသေးလေးများကြောင့် ခေါင်မိုးထပ်တစ်ခုလုံးလင်းထိန်နေကာ အပ်ပင်ရှာ၍ရလောက်သည်အထိဖြစ်သည်။
လွန်းငယ်ခြေထောက်ရှေ့လေးတွင် မီးလေးများနှင့်တန်းထားသည့်လမ်းကျဉ်းလေးက နှင်းဆီပွင့်ဖက်အနီလေးတွေခင်းထားကာ လှလှပပကဗျာဆန်ဆန်ပင်ရှိနေ၏။ လွန်းငယ်ထိုလမ်းလေးပေါ်လျှောက်လိုက်သည့်အခါ ရင်ထဲတွင်အမျိုးအမည်မသိသည့် ပျော်ရွှင်မှုခံစားချက်လှလှလေးတစ်ခုဟာ လွန်းငယ်နှင့်အတူကပ်ပါလာလေသည်။ လမ်းလေးဆုံးသည်နှင့် အလယ်တည့်တည့်တွင်ရှိသော အဖြူရောင်စားပွဲဝိုင်းကြီးပေါ်တွင် *Happy Birthday ကိုယ့်ခလေး * ဆိုသောစာသားလေးနှင့် ခရမ်းရောင်ကိတ်မုန့်လေးကို ချစ်စဖွယ်တွေ့လိုက်ရ၏။
"Happy birthday ပါခလေး"
"ဟင်"
အသံလာရာကျောဘက်ဆီသို့ လှည့်ကြည့်လိုက်သည့်အခါ ထပ်မံအံ့ဩသွားရသည်။ နက်ဆွေးဆွေးအင်္ကျီနှင့်ဘောင်ဘီကိုဝတ်ဆင်ထားသည့်သူဌေးလူကြီးက နှင်းဆီပန်းပေါင်းမြောက်များစွာပါဝင်သည့် ပန်းစည်းကြီးပွေ့၍ လွန်းငယ်ကိုပြုံးပြနေလေ၏။ အနက်ရောင့်ကြောင့်ပဲလား၊ ချောလွန်းသည်ကြောင့်ပဲလားတော့မသိ ဖြူဖွေးသည့်လက်ဖျံရိုးများနှင့် ရင်ဘက်ကိုကြယ်သီးဖြုတ်ထားသည့်ပုံစံဟာ ရူးလောက်စရာကောင်းလောက်အောင်ယောက်ျားပြီသစွာနှင့် ခန့်ခန့်ကြီးချောမောနေသည်မို့ လွန်းငယ်ငေးသွားမိသည်။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်