Chapter 13.2

359 60 0
                                    


Chapter 13.2







သို့ရာတွင် သူတို့အစီအစဉ်များ ပြောင်းလဲရန် အကြောင်းဖန်လာသည်။ နောက်ရက်များတွင် ကမ်းခြေသို့သွားရန် အန်တီချိုး၏ ထရပ်ကားကို ငှားပြီးသည့်အခါမှ ယီဟွေ့ထံသို့ ဖုန်းတစ်ခု ဝင်လာသည်။

၎င်းက မြို့တော်ရှိ ပန်းချီအနုပညာအဖွဲ့အစည်းမှဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲတွင် သူ ရေးဆွဲခဲ့သည့် ပန်းချီကားက ‌ပထမဆုရကြောင်း အသိပေးခြင်းဖြစ်သည်။ သုံးရက်အကြာတွင် ထိုဆုကို ကိုယ်တိုင်လာရောက်လက်ခံရန် သူ့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။

အီးမေးလ်ဖြင့် သို့မဟုတ် အခြားတစ်ယောက်ယောက်ကို ကိုယ်စားယူခိုင်း၍ ရနိုင်လားဟု မေးသော်လည်း သူတို့က ငြင်းဆန်လိုက်သည်။ လူကိုယ်တိုင် ဆုသွားယူရမည့်အခြေအနေက ယီဟွေ့အတွက် ခက်ခဲလွန်းနေ၍ မမျှော်လင့်ထားသည့်ဆုကို လက်လျှော့ချင်စိတ်ပင် ဖြစ်သွားသည်။

၎င်းကို အကြီးမားဆုံး တုံ့ပြန်လိုက်သည်က ထန်ဝမ်းရှီဖြစ်သည်။

" လက်လျှော့မယ်တဲ့လား အတန်းဖော်ကျန်း မင်း ရူးနေတာလား... အဲဒါက ပြိုင်ပွဲကြီးမဟုတ်ပေမယ့် ပထမဆုလေ... မငြင်းသင့်ဘူးနော်..."

ကျန်းယီမန့်ကလည်း သဘောတူလိုက်သည်။

" ဟုတ်တယ် အစ်ကိုကြီးရဲ့ ဆုကြေးငွေပါရင် ဘယ်လိုလုပ်မလဲ... ညီမလေးကို ကင်မရာဝယ်ပေးမယ်ပြောထားတာ စောင့်နေတုန်းပဲနော်..."

ဂရုတစိုက်တွေးတောပြီးသည့်အခါတွင် ကျန်းရွှယ်မေ့က လူကြီးသူမတစ်ယောက်အနေဖြင့် အသင့်တော်ဆုံး အကြံဉာဏ်ကို ပေးလိုက်သည်။

" တကယ်တော့ သားကို  ဆုသွားယူစေချင်တယ်... အဲဒါက သားအတွက် ခံယူချက်တစ်ခုလည်း ဖြစ်လာနိုင်တယ်လေ ပြဿနာဖြစ်ပြီး လက်လျှော့ချင်စိတ်ပေါ်လာရင်လည်း ဒီဆုကြောင့် ခွန်အားဖြစ်လာနိုင်တာပဲ..."

ယီဟွေ့က တုံ့ဆိုင်းနေဆဲဖြစ်သည်။

" ဒါပေမဲ့ သား မြို့တော်ကို သွားရမှာပေါ့..."

ထန်ဝမ်းရှီက ချက်ချင်းပင် လက်မြှောက်လိုက်သည်။

" ငါ မင်းနဲ့ တူတူသွားပေးမယ်လေ ကမ်းခြေသွားဖို့ကို နောက်နေ့ရွှေ့လိုက်တော့... ငါတို့ အမြန်လုပ်မယ်ဆို မင်းလည်း ဆုရပြီး ငါလည်း အိမ်ပြန်လို့ရမယ်..."

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now