Chapter 58သတ်မှတ်ထားသည်ထက် ပိုမိုစကားပြောပြီး ပိုမိုလှုပ်ရှားလိုက်မိသည့် ကျိုးကျင်ဟမ့်မှာ နောက်တစ်နေ့အတွက် စကားလုံးတစ်ရာခန့်သာပြောခွင့်ရှိတော့သည်။ ယီဟွေ့က အိပ်ရာအစွန်းတွင်ထိုင်ပြီး သူဖုန်းနှင့် ကစားနေသည်ကိုလှမ်းကြည့်ပြီး တစ်ခုခုပြောချင်နေသည်။
ယီဟွေ့က ကျန်းယီမန့်ပို့ထားသည့် screenshotကို ထပ်နှိပ်ကြည့်နေသည်။ ကျိုးကျင်ဟမ့်က သူကြည့်နေသည့်အရာကို သိချင်သောကြောင့် လည်ပင်းစောင်းပြီး ခိုးကြည့်ရန် ကြိုးစားနေသည်။ ယီဟွေ့ သတိပြုမိသွား၍ သူ့ကို မျက်စောင်းထိုးလိုက်သည့်အခါမှ ကျိုးကျင်ဟမ့်က ကူကယ်ရာမဲ့နေသည့်ပုံဖြင့် ပြန်လှဲနေလိုက်သည်။
စကားပြောချိန်ရောက်လာသည့်အခါ ကျိုးကျင်ဟမ့်က စကားလုံးများကို ရွှေသဖွယ် တန်ဖိုးထားနေသည်။
" ကိုယ် မနာတော့ပါဘူး... စကားများများပြောလို့ရရင် ကောင်းမှာပဲ..."
ယီဟွေ့က လိမ္မော်သီးတစ်စိတ်ကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
" အရင်တစ်ခေါက်က နာတယ်လို့ပြောတယ်မလား... အဲ့လောက်တောင် မြန်မြန် ပြန်ပျောက်သွားရလား..."
ကျိုးကျင်ဟမ့်က စကားလုံးများကို ချွေတာနေရ၍ ခေါင်းငြိမ့်ပြလိုက်သည်။
" ပန်းသီးလည်းစားမယ်..."
သူက လက်ဦးမှုယူပြီး စားစရာတောင်းလာသည့်အတွက် ယီဟွေ့ ဇဝေဇဝါဖြစ်သွားရသည်။ နေ့လယ်စာ မစားမီတွင် ယီဟွေ့က ကျိုးကျင်ဟမ့် ခုတင်ပေါ်မှဆင်းလာပြီး ယနေ့အတွက် ငါးကြိမ်မြောက်အနေဖြင့် သန့်စင်ခန်းသို့ လိုက်ပို့ရသည်။ ထိုအခါမှသာ ထိုလူ တမင်လုပ်နေကြောင်း ယီဟွေ့သိသွားသည်။
လူနာခန်းထဲမှ သန့်စင်ခန်းက အလွန်ကျဉ်းသည်။ သူတစ်ယောက်တည်း ဝင်သွားပါက အဆင်မပြေဖြစ်နေမည်ဖြစ်၍ ယီဟွေ့ပါ လိုက်ဝင်သွားရ၍ အခန်းထဲတွင် ပြည့်နေသည်။ ထို့အပြင် ကျိုးကျင်ဟမ့်၏ခန္ဓာကိုယ်က မတည်မငြိမ်ဖြစ်ပြီး ယီဟွေ့ကိုယ်ပေါ် ခဏခဏ ခြေချော်ကျ၍ သူ့မျက်နှာက ယီဟွေ့ ၏လည်ပင်း၊ နှုတ်ခမ်းနှင့် နားရွက်အဖျားများကိုပါ ထိသွားသည်။ ယီဟွေ့ အလွန်ရှက်ပြီး မျက်နှာကြီးနီရဲနေသောကြောင့် သူနာပြုက သူ့ကို အဖျားရှိနေသည်လားဟုပင် မေးလာသည်။
YOU ARE READING
မျောလွင့်နေသော ပြာမှုန်များ
Fanfictionမင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ ကျန်းမာ ဘေးကင်း ဝင်ငွေတိုးကြပါစေ... ပုံအောက်မှာ Description ပါတယ်နော် ...