Chapter 14.1

365 65 1
                                    


Chapter 14.1







နောက်တစ်နေ့တွင် ပန်းချီအနုပညာအဖွဲ့အစည်းသို့ သွားရာလမ်း၌ ယီဟွေ့က ဆက်တိုက်နှာချေနေခဲ့သည်။

" ငါ ညက မင်းစောင်ကို လုပြီးခြုံမိလို့လား..."

ထန်ဝမ်းရှီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

" မင်း ဆေးသောက်ထားတာပဲကို ပိုကောင်းလာရမယ့်အစား ဘာလို့ ပိုဆိုးသွားပါလိမ့်..."

ယီဟွေ့က သူနှာခေါင်းသုတ်ထားသည့်တစ်ရှူးကို ပလတ်စတစ်အိတ်ထဲထည့်လိုက်ပြီး နှာသံဖြင့် ပြောလိုက်သည်။

" မဟုတ်ပါဘူး ငါက အဲ့လိုပဲ အအေးမိပြီးရင် တော်တော်နဲ့ ပြန်မကောင်းတော့ဘူး..."

ယမန်နေ့ညက ဘိုကင်ယူထားသောဟိုတယ်သို့ ရောက်ရှိချိန်တွင် ထန်ဝမ်းရှီက ယီဟွေ့တစ်ယောက်တည်း ကြောက်နေမည်စိုး၍ သူနှင့်တူတူနေရန် ဆုံးဖြတ်ခဲ့သည်။ မူလကမူ အိပ်ရာအကြီးတစ်ခုနှင့် အသေးတစ်ခန်းပါဝင်သည့်အခန်းကို ယူခဲ့ချင်သော်လည်း  ထိုအခန်းမျိုး မရှိတော့ကြောင့် ဧည့်ကြိုကောင်တာကပြော၍ ကောင်လေးနှစ်ယောက်က တစ်ယောက်ခန်းထဲမှ အိပ်ရာတစ်ခုပေါ်တွင်သာ ကပ်အိပ်လိုက်ရသည်။

သူ့အမှားမဟုတ်ကြောင်း ယီဟွေ့ပြောသော်လည်း ထန်ဝမ်းရှီက အားနာနေမိသည်။ သူ ခေါင်းကုတ်ပြီး ပြောလိုက်သည်။

" ဒီည ငါ့အိမ်မှာ လာအိပ်ပါလား ငါ ဆိုဖာပေါ်အိပ်မယ်လေ မင်းက ငါ့ခုတင်ပေါ်အိပ်ပေါ့..."

ဤတစ်ကြိမ်တွင်မူ အားနာသွားသည့်သူက ယီဟွေ့ဖြစ်သွားသည်။ သူ အတွင်တွင်ငြင်းနေသော်လည်း ထန်ဝမ်းရှီက သူ့ကို အခေါက်ခေါက်အခါခါ ဖိတ်နေပြီး သူ့မိဘများက ကြင်နာပြီး ဖော်ရွေတတ်ကြောင်း ပြောနေသည်။ ယီဟွေ့ကလည်း ထိုအခါမှ သူပြောသည်ကို အနည်းငယ် လက်ခံသွားသည်။

" တကယ်လား ငါမင်းက အနှောင့်အယှက်ပေးမိသလိုဖြစ်နေဦးမယ်..."

ထန်ဝမ်းရှီက သူ့ရင်ဘတ်ကိုပုတ်ပြီး ပြောလိုက်သည်။

" စိတ်မပူပါနဲ့ ငါတောင် မင်းအိမ်မှာ အကြာကြီး ကပ်နေသေးတာပဲ... မနေ့က မင်းကို အိမ်ခေါ်လာဖို့ ငါ့အမေက ဖုန်းဆက်တယ်... သူ မိုးခိုသားချိုချဉ်၊ ပုစွန် ရှာလကာရည်စိမ်နဲ့ ပန်းသီးတွေပြင်ထားမယ်တဲ့..."

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now