Chapter 47.2

185 28 1
                                    


Chapter 47.2







ထန်ဝမ်းရှီကမယုံပေ။ သူက ဤသို့သော လုပ်ကြံထားသည့်စကားက ကလေးများကို လှည့်စားရန်အတွက်သက်သက်ဟု ပြောလိုက်သော်ငြား ရိုလာကိုစတာက အမြင့်ဆုံးချက်ကောင်းနေရာသို့ ရောက်ပြီး အလေးချိန်ကင်းမဲ့ကာ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည့် အခိုက်အတန့်၌ အေးမြသော ညနေခင်းလေနုအေးထဲတွင် သူက အော်ဟစ်လိုက်သည်။





"ယန်ချန့်ရွှမ် လူယုတ်မာ! ! "





နောက်ထပ် ဆင်းချသွားသည့် အခြား မတ်စောက်သော ကုန်းစောင်းတစ်ခုတွင် သူက နောက်ထပ်စကားတစ်ခွန်းကို အော်လိုက်ပြန်သည်။





"ယန်ချန့်ရွှမ် ငါ့ကို တွန်းထုတ်နေတာကို ရပ်လိုက်လို့ရမလား"





လူတိုင်းက အော်ဟစ်နေကြသော်လည်း ယီဟွေ့ကမူ အနီးတွင် ရှိနေသဖြင့် ထိုစကားကို သေချာကြားလိုက်ရပါသည်။ သူ့အနေဖြင့် ထန်ဝမ်းရှီတစ်ယောက်  သူ့မပျော်ရွှင်မှုများကို ဤနည်းဖြင့်သာ ဖြေဖျောက်နိုင်သည့်အတွက် ဝမ်းနည်းမိသော်လည်း ထန်ဝမ်းရှန်က အနည်းဆုံးတော့ ထိုအရာအား ဖွင့်ထုတ်နိုင်သည့်အတွက်လည်း မနာလိုဖြစ်မိသည်။





သူနှင့်မတူပါချေ။ သူကတော့ ပါးစပ်တင်းတင်းစိကာ မည်သည်ကိုမှ မပြောရဲပေ။





ရိုလာကိုစတာထက်မှ ဆင်းလာပြီးနောက် ထန်ဝမ်းရှီက ယီဟွေ့၏ပုခုံးကို ဘော့စ်တစ်ယောက်ပမာ ပုတ်လိုက်လေသည်။





"အဆင်ပြေပါတယ်ကွာ ဒီလိုဟာမျိုးကိုကစားပြီးတာတောင် အေးဆေးဖြစ်နေတာ ငါ့အမေကိုတွေ့ဖို့အိမ်ကို ပျံတောင်သွားနိုင်တယ်"





ယီဟွေ့ပြုံးကာ မည်သည့်စကားမှမဆိုပေ။





သူလည်း သူ့မြို့ကိုပြန်ကာ အမေနှင့်ညီမလေးအား တွေ့လိုသော်လည်း အချိန်မကျသေးပေ။ ဤဆက်ဆံရေး၌ သူ၏နေရာအား ရှင်းရှင်းလင်းလင်း သိထားပါသည်။ သဘောတူညီချက်၏ ကန့်သတ်ချက်များကို ကျော်လွန်၍ သတ်မှတ်ထားသည့် သဘောတူညီချက်မှလွဲ၍ အခြားတစ်ခုခုကို တောင်းဆိုပါက ၎င်းကို အခြားအရာများနှင့် လဲလှယ်ပေးရမည်မှာ သေချာသည်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now