Chapter 58.2ရဲများက သူ့ကို ဖုန်းဆက်ပြီး ထိုလူဆိုးများကိုငှားရမ်းပြီး နောက်ကွယ်မှကြိုးကိုင်သူကို ရှာတွေ့ပြီဖြစ်ကာ တရားစွဲရန် အထောက်အထားများလည်း လုံလောက်နေပြီဖြစ်ကြောင်း ပြောပြသည်။ ယီဟွေ့ အပြင်ဘက်တွင် အချိန်ကြာအောင်နေပြီးမှ လူနာခန်းထဲ ပြန်ရောက်လာသည့်အခါ ကျိုကျင်ဟမ့်က ဘာမှမဖြစ်သည့်အတိုင်း ပန်းသီးများစားနေသည်ကို မြင်လိုက်ရသည်။ သူ စကားပြောလိုသော်လည်း ထိုစကားများကို အကြိမ်ပေါင်းများစွာ ပြန်မျိုချလိုက်ရသည်။
ကျိုးကျင်ဟမ့်က အဆက်အသွယ်များသူဖြစ်၍ အခန်းထဲမှမထွက်ပဲနေလျှင်ပင် ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။ သူ ဖန်ယွီချင်းကို တစ်ခုခုလုပ်ပစ်ရန် ဆန္ဒရှိသည်ကိုသာ ယီဟွေ့မယုံကြည်နိုင်ခြင်းဖြစ်သည်။
သူ့အစ်ကို ချန်ဖေးချီကို ဖုန်းခေါ်ပြီး တည်ကြည်လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။
" ဘာဖြစ်တာလဲ... သူ့အကျိုးအမြတ်အတွက် အင်အားသုံးဖြေရှင်းပြီး သမာသမတ်ကျကျမလုပ်လို့လား... ဒါမှမဟုတ် ငါ့ညီလေးကို ထပ်အနိုင်ကျင့်ပြီး မပျော်မရွှင်ဖြစ်အောင် လုပ်တာလား..."
" မဟုတ်ဘူး မဟုတ်ဘူး... အဲ့ကိစ္စကို အမြန်ကြီးကိုင်တွယ်လိုက်တာဆိုတော့ အစ်ကိုကြီးများ တိတ်တိတ်လေး ကူညီပေးနေတာလားလို့ပါ..."
တစ်ဖက်မှ ချန်ဖေးချီက ပြုံးလိုက်ပြီး သူ့လေသံကလည်း စိတ်အေးလက်အေးဖြစ်သွားသည်။
" အစ်ကိုကြီးလည်း ဝင်ပါမလို့ပါပဲ ဒါပေမဲ့ သူရှာတွေ့ထားတဲ့သူက တော်တော်လေးအားကိုးရတဲ့အပြင် ဒီကိစ္စကို နှစ်ရက်အတွင်း ဖြေရှင်းသွားတာ... သူကြောင့်ဖြစ်ခဲ့တဲ့ ပြဿနာကို သူ့ပဲ ဖြေရှင်းခိုင်းလိုက်တယ်လေ..."
သူ့အစ်ကိုကြီးက ကြင်နာတတ်သည့် နှလုံးသားရှိသော်လည်း ကျိုးကျင်ဟမ့်အကြောင်းပြောလိုက်သည့်အခါ စကားလုံးများက ထေ့ငေါ့နေသည်များဖြင့် ပြည့်သွားတော့သည်။ ကျိုးကျင်ဟမ့်က ယီဟွေ့အသက်ကို ကယ်ပေးခဲ့သော်လည်း သူ့ကို အပြည့်အဝ မကျေနပ်နိုင်သေးပေ။
YOU ARE READING
မျောလွင့်နေသော ပြာမှုန်များ
Fanfictionမင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ ကျန်းမာ ဘေးကင်း ဝင်ငွေတိုးကြပါစေ... ပုံအောက်မှာ Description ပါတယ်နော် ...