Chapter 54.3ယခုတစ်ကြိမ်ပစ်ချခံလိုက်ရပြီးနောက်တွင် ယီဟွေ့ထံ၌ အားအင်မကျန်တော့ပေ။ သူ၏မျက်လုံးများပင် သေချာမဖွင့်နိုင်တော့ဘဲ တဖြည်းဖြည်းပိတ်နေသည့် တံခါးကိုကြည့်ကာ ကျောမှီထိုင်နေလျက် ခွန်အားကင်းမဲ့နေခဲ့သည်။
ဤကဲ့သို့သော အရာများကိုကြုံတွေ့ရချိန်တွင် မကြောက်ရွံ့ရန်မှာ မဖြစ်နိုင်ပေ။ သူသည် တောင်ပေါ်၌ တစ်ခါသေဆုံးခဲ့ဖူးသည်ဖြစ်ရာ ထိုသူတို့ပြောနေသည့်တောင်ပေါ်နေရာမှာ ဤအအေးခန်းလောက်အေးနေမည်လားဟု တွေးနေမိသည်။
ဤတစ်ကြိမ်တွင်လည်း မည်သူကမှလာမကယ်နိုင်မည်လားဟူ၍ ယီဟွေ့တွေးနေမိသည်။
ခဏကြာ စောင့်ဆိုင်းပြီးနောက် သူတံခါးပိတ်ကာ သော့ခတ်သည့်အသံကို မကြားခဲ့ရပေ။
ယီဟွေ့ သက်ပြင်းတစ်ချက်ချကာ အာရုံစိုက်၍ နားထောင်လိုက်ရာ နာနာကျင်ကျင်အော်သံအချို့နှင့်အတူ တိုက်ခိုက်ရမှာထွက်ပေါ်လာသည့် အသားချင်းထိသံများကို ကြားလိုက်ရသည်။
ထိုသူသုံးဦးတိုက်ခိုက်နေကြသည်ဟု ထင်မိသည့်အတွက် ယီဟွေ့ ခက်ခက်ခဲခဲ ခေါင်းကိုမော့လိုက်စဉ် အချိန်အကိုက် ပိတ်ထားသည့်တံခါးမှာပွင့်လာခဲ့ပြီး ရင်းနှီးနေသည့်မျက်နှာတစ်ခုမှာ လမ်းမီးရောင်အောက်တွင် ပေါ်လာခဲ့သည်။
" ဟွေ့ဟွေ့ မင်းဒီမှာလား…"
အသံကို ကြားလိုက်သည်နှင့် ယီဟွေ့၏နှလုံးမှာ ရုတ်တရက် ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေမှုကြောင့်မဟုတ်ဘဲ အချိန်အတန်ကြာစောင့်ဆိုင်းပြီးသည့်နောက်တွင် အဆုံး၌ ရောက်လာခဲ့သဖြင့် စိတ်ချသွားကာ ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေခြင်းဖြစ်သည်။
သူရောက်လာပြီ။
ယီဟွေ့ရှိနေသည်ကို အတည်ပြုပြီးနောက် ကျိုးကျင်ဟမ့် အအေးခန်းကုန်လှောင်ရုံအတွင်းသို့ တက်လာခဲ့သည်။
အတွင်းရှိ အပူချိန်မှာ အတော်ကျနေပြီး ခြေချလိုက်သည်နှင့် အရိုးကွဲမတတ်အေးစက်မှုကို ခံစားလိုက်ရသည်။ ကျိုးကျင်ဟမ့်မှာ ယီဟွေ့ကို ကယ်တင်ရန်သာ အလွန်စိတ်လောနေခဲ့သဖြင့် သူတိုက်ခိုက်ခဲ့သည့်လူသုံးဦးမှ တစ်ဦးမှာ သူ၏နောက်တွင် ဓားဖြင့်ရှိနေသည်ကို သတိမထားမိခဲ့ပေ။
YOU ARE READING
မျောလွင့်နေသော ပြာမှုန်များ
Fanfictionမင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ ကျန်းမာ ဘေးကင်း ဝင်ငွေတိုးကြပါစေ... ပုံအောက်မှာ Description ပါတယ်နော် ...